Archive for the ‘မွေးနေ့’ Category

natthi=90s-00s

April 8, 2024

.

နတ္ထိ
၈ ဧပြီ ၂၀၂၄

အဟောင်းအမြင်းများ

နတ္ထိ=323.092

နတ္ထိ = ၅၀

နတ္ထိ = ၂၀၂၁

နတ္ထိ = 007

နတ္ထိ = ၀.၁+

နတ္ထိ = ၀.၁

နတ္ထိ = ၀.၄၅

နတ္ထိ = ၀.၉

နတ္ထိ = ၁၀

နတ္ထိ = ၁၈၀

နတ္ထိ = ၁၁၅၀၀

နတ္ထိ = ၄၀

နတ္ထိ = ၁၅၀၀

natthi=323.092

April 8, 2023

.

ဖြူစင်သော ဘ၀
ရဲရင့်သော ဟဒယ
ဖြောင့်မှန်သော ပဋိပဒ
မြင့်မြတ်သော ပရိစ္စာဂ
… … …
ဒါ… တော်လှန်ရေးသမားရဲ့ အပဒါန်။

ဝိသုဒ္ဓဘဝေါ
သူရဟဒယော
ဥဇုပဋိပဒံ
မဟာပရိစ္စာဂေါ
… … …
ဣဒဥှိ အာဏာဝီတိက္ကတော အပဒါနံ

နတ္ထိ
ဧပြီ ၂၀၂၃

အဟောင်းအမြင်းများ

နတ္ထိ = ၅၀

နတ္ထိ = ၂၀၂၁

နတ္ထိ = 007

နတ္ထိ = ၀.၁+

နတ္ထိ = ၀.၁

နတ္ထိ = ၀.၄၅

နတ္ထိ = ၀.၉

နတ္ထိ = ၁၀

နတ္ထိ = ၁၈၀

နတ္ထိ = ၁၁၅၀၀

နတ္ထိ = ၄၀

နတ္ထိ = ၁၅၀၀

natthi=50

April 8, 2022

.

၀လုံးလေးတွေ

တစ်လုံးပြီး တစ်လုံး

သုညလေးတွေ

တစ်လုံးပြီး တစ်လုံး

ခွက်လေးတွေ

တစ်ခွက်ပြီး တစ်ခွက်

ခံစားမှုလေးတွေ

တစ်ခုပြီး တစ်ခု

ခြေလှမ်းလေးတွေ

တစ်ခုပြီး တစ်ခု

အိပ်မက်လေးတွေ

တစ်ခုပြီး တစ်ခု

ရာစုနှစ်တစ်ဝက်တိုင် ဖြတ်သန်းခဲ့စဉ်

ဆယ်စုနှစ်အလိုက် ဖြစ်ပေါ်ပြောင်းလဲမှုတို့ကို

ရယူမှုဖြင့် တည်ဆောက်ခဲ့ရသည်ဟု ဆိုရပါလျှင်

လာမည့် ရာစုနှစ်တစ်ဝက်ကို

ပေးဆပ်မှုဖြင့် ဖြတ်သန်းနိုင်ပါရန်

ဆုတောင်းရပါသည်။

နတ္ထိ

ဧပြီ ၂၀၂၂

.

အဟောင်းအမြင်းများ

နတ္ထိ = ၂၀၂၁

နတ္ထိ = 007

နတ္ထိ = ၀.၁+

နတ္ထိ = ၀.၁

နတ္ထိ = ၀.၄၅

နတ္ထိ = ၀.၉

နတ္ထိ = ၁၀

နတ္ထိ = ၁၈၀

နတ္ထိ = ၁၁၅၀၀

နတ္ထိ = ၄၀

နတ္ထိ = ၁၅၀၀

နတ္ထိ = 2021

April 8, 2021

ငြိမ်းချမ်းရေးရယ်
တရားမျှတရေးရယ်
လွတ်လပ်ရေးရယ်
ရယူနိုင်ဖို့
ညီညွတ်
ခိုင်မာ
စွန့်လွှတ်မှုတွေနဲ့ အတူ
ရုန်းကန်မယ်။
ဒါဟာ… တော်လှန်ရေး။

နတ္ထိ
၂၀၂၁ ဧပြီ

.

နတ္ထိ Ebook Series ၁၁အုပ်မြောက်

မြန်မာကဗျာ ၉-ပုဒ် ပါဠိဘာသာပြန် စုစည်းမှု

View this document on Scribd

အဟောင်းအမြင်းများ

နတ္ထိ = 007

နတ္ထိ = ၀.၁+

နတ္ထိ = ၀.၁

နတ္ထိ = ၀.၄၅

နတ္ထိ = ၀.၉

နတ္ထိ = ၁၀

နတ္ထိ = ၁၈၀

နတ္ထိ = ၁၁၅၀၀

နတ္ထိ = ၄၀

နတ္ထိ = ၁၅၀၀

နတ္ထိ = 007

April 8, 2020

natthi_007_cover

လျှို့ဝှက်သည်းဖို ဇာတ်ကားရယ်

သည်းတယားယား သံစဉ်ရယ်

သည်းထိတ်ရင်ဖို စာသားရယ်

Double O Seven ရုပ်ရှင်တွေထဲမှာ ပထမဆုံး ရုပ်ရှင်ရုံမှာ ကြည့်ဖြစ်ခဲ့တာ For Your Eyes Onlyပါ။ သက္ကရာဇ်နဲ့ ရုပ်ရှင်ရုံကို မမှတ်မိတော့ပါဘူး။ ၈၆/၈၇/၈၈ အချိန်ကာလတွေနဲ့ သမတ ပပဝင်း ဂုဏ် ရုပ်ရှင်ရုံတွေထဲက တစ်ခုခု ဖြစ်မှာပါ။ ခုထိ ဇာတ်သိမ်းပိုင်း တေးသွားလေးကို သတိရနေဆဲ။

Bond Themeသီချင်းတွေထဲမှာ ပထမဆုံး ပါဠိဘာသာပြန်ဖြစ်တာ Skyfallပါ။ ၂၀၁၂ အောက်တိုဘာမှာ သီချင်း ထွက်ထွက်ချင်း ဘာသာပြန်ဖြစ်တာ။ ဒုတိယ သီချင်းက No time to dieပါ။ ၂၀၂၀ ဖေဖော်ဝါရီမှာ သီချင်းထွက်ပြီး တပတ်အတွင်း ဘာသာပြန်မိခဲ့တယ်။

အမှတ်တရ Bond Theme Songတွေ စုစည်းဖို့ နောက်ထပ် သီချင်း ၅ပုဒ် ထပ်ရွေးပြီး ၂၀၂၀ ဧပြီလဆန်းထဲမှာပဲ ၅ပုဒ်လုံး ဆက်တိုက် ဘာသာပြန်လိုက်တယ်။ အမျိုးသမီးအဆိုတော်တွေပဲ သီဆိုထားတဲ့ သီချင်းတွေထဲက စိတ်ကြိုက် သီချင်း ၇ပုဒ်ကို စုစည်းတဲ့ အနေနဲ့ Ebookတစ်အုပ် ဖန်တီးမိတယ်။ “နတ္ထိ = 007”လို့ အမည်ပေးလိုက်တယ်။

၂၀၀၇ မတ်လမှာ စတင်ခဲ့တဲ့ နတ္ထိ blogပေါ်မှာ ရေးဖြစ်ခဲ့တဲ့ စာတိုပေစ ပါဠိအပိုင်းအစတွေနဲ့ ကြုံသလို ရိုက်ကူးဖြစ်ခဲ့တဲ့ မှတ်တမ်းမှတ်ရာ ဓာတ်ပုံအပိုင်းအစတွေကို ရောသမမွှေပြီး ၂၀၁၁က စလို့ နှစ်စဉ် ပုံမှန် Ebookအနေနဲ့ စုစည်းဖန်တီးဖြစ်ခဲ့တာ ၂၀၂၀မှာ နတ္ထိ Ebook Series ၁၀အုပ်မြောက်ခဲ့ပါပြီ။

 အားလုံးကို ကျေးဇူးတင်ပါတယ်။

နတ္ထိ (၂၀၂၀ ဧပြီ)                   

View this document on Scribd

အဟောင်းအမြင်းများ

နတ္ထိ = ၀.၁+

နတ္ထိ = ၀.၁

နတ္ထိ = ၀.၄၅

နတ္ထိ = ၀.၉

နတ္ထိ = ၁၀

နတ္ထိ = ၁၈၀

နတ္ထိ = ၁၁၅၀၀

နတ္ထိ = ၄၀

နတ္ထိ = ၁၅၀၀

                                                                                 

နတၳိ = ၀.၁+

April 8, 2019

0.1+_cover

အက္ခရာမဲ့ ဝေဒနာရယ်
ဝေါဟာရလွန် ဂီတရယ်
အပြင်းစား အလင်္ကာရယ်
အမိုက်စား အနုသုခုမရယ်

သဒ္ဒနဲ့ ဂီတကြားက အလင်္ကာကို တွေ့ထိဖို့ရာ
အက္ခရာတွေ ဝေါဟာရတွေကို ဥပေက္ခာပြုခဲ့ပြီ…။
ရင်ခုန်နေတဲ့ နားတစ်စုံရယ်
ရင်ဘတ်ခြင်းနီးတဲ့ နှုတ်ခမ်းတစ်စုံရယ်ကို
သံယောဇဉ်တွယ်ခဲ့ပြီ…။


 

အဟောင်းအမြင်းများ

နတ္ထိ = ၀.၁

နတ္ထိ = ၀.၄၅

နတ္ထိ = ၀.၉

နတ္ထိ = ၁၀

နတ္ထိ = ၁၈၀

နတ္ထိ = ၁၁၅၀၀

နတ္ထိ = ၄၀

နတ္ထိ = ၁၅၀၀

နတ္ထိ=၀.၁

April 8, 2018

ဂါထာနဲ့ ဂီတ
၁၁ရာစုနဲ့ ၂၁ရာစု
အဆက်အနွယ်တွေကို ရှာဖွေဖို့
သရပါတံခါးမှ ဝင်မိခဲ့တာ
ကြုံရကြားရတာက
ရာဇကုမာရပါဠိကျောက်စာရယ်
ပထမနိုင်ငံတော် သီချင်းရယ်
ပါဠိဘာသာပြန်ရယ်

#bagan #myanmar #worldheritage


အဟောင်းအမြင်းများ

နတ္ထိ + ၀.၄၅

နတ္ထိ + ၀.၉

နတ္ထိ + ၁၀

နတ္ထိ + ၁၈၀

နတ္ထိ + ၁၁၅၀၀

နတ္ထိ + ၄၀

နတ္ထိ + ၁၅၀၀

နတ္ထိ+၀.၄၅

April 14, 2017

ခွက်တွေ

ခွက်ကြီး ခွက်ငယ်

ချိုမြ

ခါးသက်

ခမ်းနား

ချို့တဲ့

ချမ်းစိမ့်စိမ့်

ခြစ်ခြစ်တောက်

ခွက်ကပ်နဲ့ ခူးခပ်

ခွဲခွာချိန်ရဲ့ ခပ်ဝေးဝေးမှာ

တစ်ခွက်ပြီး တစ်ခွက်

အဟောင်းအမြင်းများ

နတ္ထိ + ၀.၉

နတ္ထိ + ၁၀

နတ္ထိ + ၁၈၀

နတ္ထိ + ၁၁၅၀၀

နတ္ထိ + ၄၀

နတ္ထိ + ၁၅၀၀

နတ္ထိ + ၀.၉

April 8, 2016

natthi_0_9

ကိုးကွယ်ဖို့တော့ မရည်ရွယ်ပေမယ့်

လပြည့်ဝန်းပုံရိပ် ကိုးရိပ်အောက်မှာ

ကဗျာ+ပါဠိဘာသာပြန် ကိုးပုဒ်ကို ခံစားမိတဲ့အခါ

ကိုးစားဖို့ရော ခိုကိုးဖို့အတွက်ပါ မျှော်လင့်မိခဲ့တာ…။


.

အဟောင်းအမြင်းများ

နတ္ထိ + ၁၀

နတ္ထိ + ၁၈၀

နတ္ထိ + ၁၁၅၀၀

နတ္ထိ + ၄၀

နတ္ထိ + ၁၅၀၀

နတ္ထိ + ၁၀

April 8, 2015

natthi_10

မျောလွင့်သွားတဲ့ ဆယ်စုနှစ် တစ်စုကို အဖတ်ဆယ်ဖို့ ကြိုးစားရင်း

blogမှာ တင်ထားတဲ့ သီချင်းဘာသာပြန် ဆယ်ပုဒ်ကို

instagramမှာ တင်ခဲ့တဲ့ ​ဆောင်းနှင်းဆီနီနီ ဆယ်ပုံနဲ့ မျှားပြီး

နေခြည်လှိုင်းထဲကနေ ပြန်ဆယ်ယူမိတယ်။


အဟောင်းအမြင်းများ

နတ္ထိ + ၁၈၀

နတ္ထိ + ၁၁၅၀၀

နတ္ထိ + ၄၀

နတ္ထိ + ၁၅၀၀