Archive for the ‘သမိုင်း’ Category

ဧရာဝတီ၊ ပုဂံပြည်နှင့် မြစေတီပါဠိပုံရိပ်များ

January 26, 2017

myazedi-inscription_pali

ပုဂံရဲ့ အလှအပဟာ လင်းလက်တဲ့ အခါမှ မှောင်မိုက်တဲ့ အခါမှ နေဝင်မှ နေထွက်မှ လသာမှ လမိုက်မှ မိုးရွာမှ နေပူမှ ဖုံထူမှ မြူဆိုင်းမှ တွေ့ရတတ်တဲ့ လင်းရိပ် မှောင်ရိပ် နေရိပ် လရိပ် မိုးရိပ် ဖုံရိပ် မြူရိပ် သစ်ရိပ် ဝါးရိပ် စတဲ စတဲ့ ပုံရိပ်တွေရဲ့ ခမ်းနားထည်ဝါမှု အိုမင်းယိုယွင်းမှု ပုံသဏ္ဍာန်အစုစုနဲ့ ခင်းကျင်းပြသလို့ မဆုံးနိုင်ပါဘူး။

အာရုံနိမိတ်ပုံတွေနဲ့ တကယ့်ကို မျောပါလွင့်မောစရာကောင်းလှတဲ့ ပုဂံရဲ့ အရိပ်အရောင်တွေကြားမှာ တခုတ်တရ ပုံတစ်ရာ စာတစ်လုံး သိမ်းကြုံးဆွဲငင်နေတဲ့ မှတ်သားစရာ အဖွဲ့အနွဲ့တစ်ခုကတော့ မြစေတီကျောက်စာပါ။ ပျူ မွန် မြန်မာ ပါဠိ ဘာသာစကား ၄မျိုးနဲ့ သီကုံးချယ်မှုန်းထားတဲ့ ပုဂံရဲ့ လက်ရေးပုံရိပ်တစ်ခုလို့ ပြောနိုင်တယ်။

ပိဋကတ်မှာ စာတစ်လုံး ဘုရားတစ်ဆူလို့ ဆိုကြတယ်။ မြစေတီကျောက်စာကိုတော့ စာတစ်လုံး နှလုံးတစ်စုံလို့ ဆိုနိုင်မယ်။ ပုဂံရဲ့ ရင်ခုန်သံတွေကို အတိုင်းသား ကြားရစေမယ့် မြစေတီကျောက်စာကို ဖတ်ဖို့ အကြောင်းတိုက်ဆိုင်လာတာ တကယ့်ကို ကံကောင်းခြင်းမင်္ဂလာတပါးပါပဲ။

မြစေတီကျောက်စာ ပါဠိမူကို အေးဆေး ဖတ်ဖို့ အစီအစဉ် ရှိထားတယ်။ ပုဂံပြတိုက်ရှိ ကျောက်စာမူ စာကြောင်းရေ ၄၁ကြောင်း၊ မြစေတီရင်ပြင်ပေါ်ရှိ ကျောက်စာမူ စာကြောင်းရေ ၄၀ကို တစ်လုံးချင်း တပုဒ်ခြင်း တစ်ကြောင်းချင်း ဖတ်သွားဖို့ပါပဲ။ တစ်နေ့ တလံ ပုဂံ ဘယ်ရွေ့ပါ့မလဲ….။

Advertisements

ဒုက္ခအလှသစ္စာ

May 10, 2015

beauty of birth

Punjabပြည်နယ် Chandigarhမြို့ Government Museum and Art Galleryထဲမှာ ခင်းကျင်းပြသထားတဲ့ Gandhara Sculpture တွေဟာ ဘီစီ၁ရာစုကနေ အေဒီ၃ရာစုအတွင်းက ထုဆစ်ခဲ့တဲ့ ရှေးဟောင်းကျောက်ဆစ်ရုပ်တုတွေလို့ ဆိုတယ်။ ၁၉၄၇ခုနှစ် India partitionမှာ Lahoreပြတိုက်ကနေ ဝေစုအဖြစ် ရယူခဲ့လို့သာ Chandigarhပြတိုက်ထဲမှာ ရောက်နေတာ။ Indiaမှာ Calcuttaပြတိုက်ပြီးရင် Chandigarhပြတိုက်ထဲမှာ ရှိတဲ့ Gandhara Sculptureတွေဟာ ဒုတိယအများဆုံးလို့ဆိုတယ်။ ဒီဂန္ဓာရကျောက်ဆစ်ရုပ်တုတွေနဲ့ နီးနီးနားနား ရှိနေတာဟာ တကယ့်ကို ကံကောင်းတာပါပဲ။ Chandigarhမှာ နေခိုက်  ၅နှစ်ကျော် ၆နှစ်အတွင်းမှာ မှတ်မှတ်ရရ ၃ကြိမ်တော့ ရောက်ခဲ့တယ်။ Panjabတက္ကသိုလ်နဲ့ ၃ကီလိုမီတာလောက်ပဲ ဝေးပေမယ့် အကြောင်းညီညွတ်မှပဲ သွားဖြစ်ခဲ့တယ်။

ခင်းကျင်းပြသထားတဲ့ ဂန္ဓာရလက်ရာကျောက်ဆစ်ရုပ်တု ၆၀၀ကျော်ထဲမှာ ဗုဒ္ဓရုပ်ပွားတော်တွေ ဗောဓိသတ္တရုပ်ပွားတော်တွေ ဒေဝတာရုပ်တုတွေ အရွယ်စုံ တွေ့ရတယ်။ ဗုဒ္ဓဖြစ်စဉ်တွေကို ဖော်ပြထားတဲ့ ကျောက်ထွင်းဗုဒ္ဓဝင်တွေကိုလဲ တွေ့ရတယ်။ ထူးထူးခြားခြား ဂန္ဓာရမှာ စတင်မွေးဖွားခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကြားမှာ မွေးဖွားခြင်းနဲ့ မိခင်ကို ကိုယ်စားပြုတဲ့ ကျောက်ဆစ်လက်ရာ ၃ခုကို တွေ့ရတယ်။

“ဇာတိပိ ဒုက္ခာ”နဲ့ “ခီဏာ ဇာတိ”တို့ရဲ့ အကွာအဟကို ကိုယ်တိုင် သိမြင်ပြီး သူတပါးတို့ကို သိမြင်စေနိုင်မယ့် သားတစ်ဦးကို မွေးဖွားပေးခဲ့တဲ့ မိခင်ရဲ့ ပုံရိပ်ဟာ လူသားအားလုံးအတွက် အနှိုင်းမဲ့တဲ့ စံအနေနဲ့ ထာဝရ တည်ရှိနေဦးမှာပါ…။

(၁) သိဒ္ဓတ္ထ မွေးဖွားခြင်း (အေဒီ ၃ရာစုလက်ရာ)

mother_01mother_02

(၂) သိဒ္ဓတ္ထ မွေးဖွားခြင်း (အေဒီ ၂ရာစုလက်ရာ)

mother_03mother_04(၃) သိဒ္ဓတ္ထမွေးဖွားခြင်း (အေဒီ ၂ရာစုနှောင်းပိုင်းလက်ရာ)

mother_05

mother_06

အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ – ၈)

February 1, 2013

Meena Talimရဲ့ Edicts of King Aśoka: New Visionစာအုပ်ထဲက Dhauliနဲ့ Jaugadaကလိင်္ဂကျောက်စာ ပါဠိမူများပါ။  ကလိင်္ဂကျာက်စာရှိတဲ့နေရာကို သွားနိုင်ဖို့ ဘယ်လောက်များ အချိန်ယူရအုံးမလဲတော့ မသိဘူး။ အကွာအဝေးက သိပ်မများပေမယ့် အကွာအဟက များနေတာ ခက်တယ်။ အိပ်မက်ကတော့ မက်နေအုံးမှာပါ။ ကျောက်စာရှိတဲ့နေရာရောက်တော့လဲ ကျောက်တုံးကြီးတွေပေါ်က စာတွေကို ဖတ်ဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အမြင်နဲ့ အတွေ့တွေက အနေအထားတစ်မျိုးပြောင်းသွားနိုင်တယ်။

စစ်နဲ့ ငြိမ်းချမ်းရေးဆိုတာ သိနားလည်ဖို့ စစ်သားတစ်ယောက်ဖြစ်ဖို့လိုအပ်သလား။ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ဖြစ်ဖို့ လိုအပ်သလား။ Commander in Chiefတစ်ယောက်လို တိုက်မိန့်ပေးတတ်ဖို့ လိုသလား။ Peacemakerတစ်ယောက်လို နားချတတ်ဖို့ လိုသလား။ အသေခံဗုံးခွဲဖို့ လိုသလား။ ဝတ်ပြုဆုတောင်းဖို့ လိုသလား။ သေနတ်ပြောင်းဝက ကျည်ဆံ တစ်တောင့်လို အားကောင်းဖို့ လိုသလား။ ချိုးငှက်နှတ်ခမ်းကြားက သံလွင်ခက်လို ပျော့ပြောင်းဖို့ လိုသလား။

ဘီစီ ၃ရာစုက ရေးထိုးထားခဲ့တဲ့ ကလိင်္ဂကျောက်စာဟာ စစ်ပြေငြိမ်းရေးစာချုပ်တစ်ခု မဟုတ်တာတော့ သေချာတယ်။ စစ်အောင်ပွဲခံ မော်ကွန်းတစ်ရပ်လဲ မဟုတ်နိုင်။ ထူးခြားတာ တစ်ခုက ကလိင်္ဂကျောက်စာတွေထဲမှာ ဝိဇယဆိုတဲ့ အသုံးအနှုံး မပါတာပါပဲ။ ဓမ္မဝေါဟာရကလဲ ရှားရှားပါးပါး ၂လုံးပဲ ပါတယ်။ ကလိင်္ဂစစ်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ရေးထိုးထားတဲ့ ပဓာနကျောက်စာကြီး အမှတ်စဉ် (၁၃)ကို ကလိင်္ဂဒေသမှာ မတွေ့ရတာကလဲ ထူးခြားတာပဲ။ ဘာပဲဖြစ်ဖြစ် စစ်ပွဲအပြီးမှာ ပေါ်ထွက်လာတဲ့ အသောကရဲ့ သက်ပြင်းရှိုက်သံတွေကို ကလိင်္ဂကျောက်စာကတဆင့် ခံစားကြားသိနိုင်တာကတော့ အမှန်ပါပဲ။

ကလိင်္ဂကျောက်စာကြီးတွေ ရှိရာအရပ်ကို ရောက်ရင်တော့ ဒီစစ်ပွဲကြီးပြီးရင် ဆိုတဲ့ ကဗျာတစ်ပုဒ်ကို ဘာသာပြန်ဖြစ်မယ်လို့ မျှော်လင့်ထားတယ်။ အခုတော့ စာအုပ်ထဲက ဒီကျောက်စာကို ဖိုင်ဘာကြိုးမျှင်တွေထဲ မျှောထည့်လိုက်တော့မယ်…။

SE_I_dhauliSE_II_dhauliSE_I_jaugadaSE_II_Jaugada

မထုရာမှ ပုံရိပ်လွှာ

July 25, 2008

ဇမ္ဗူဒိပ်မှာ မြတ်ဗုဒ္ဓ နှစ်ကြိမ်နှစ်ခါ ပွင့်တော်မူခဲ့တယ်။ ဘီစီ ၆ရာစုမှာ ပထမအကြိမ်အနေနဲ့ ဗုဒ္ဓဂယာမှာ သမ္မာသမ္ဗုဒ္ဓ ပွင့်ထွန်းခဲ့ပြီး အေဒီ ၁ရာစုမှာ ဒုတိယအကြိမ်အနေနဲ့ မထုရာမှာ ဗုဒ္ဓရုပ်ပွားတော် စတင် ပေါ်ပေါက်ခဲ့တာ။ တကယ်တမ်းကျတော့ သုံးကြိမ် ပွင့်တယ်လို့တောင် ပြောရင်ရတယ်။ ဘာလို့လဲဆိုတော့ လက်ရှိ ပါကစ္စတန် အနောက်မြောက်ဒေသဖြစ်တဲ့ ဂန္ဓာရဟာ မထုရာနဲ့ ခေတ်ပြိုင်ပဲ။ အဲဒီက လက်ရာတွေက ဂရိနွယ်တယ်။ မထုရာကတော့ အိန္ဒိယရိုးရာဟန်ပဲ။ ဒါပေမယ့် ဒီဒေသနှစ်ခုကတော့ အပြန်အလှန် လွှမ်းမိုးသက်ရောက်မှုတွေ ရှိကြတယ်။

မထုရာမြို့ကို မြတ်ဗုဒ္ဓကိုယ်တော်တိုင် ကြွရောက်တော်မူခဲ့ဖူးတယ်။ အဲဒီတုန်းက မြို့နာမည်က မဓုရာတဲ့။ လမ်းကြမ်းတယ်။ ဖုန်ထူတယ်။ ခွေးဆိုး ပေါတယ်။ ဘီလူးကြမ်းတွေ ရှိတယ်။ ဆွမ်းကွမ်း ရှားတယ်လို့ မြတ်ဗုဒ္ဓက ဒီမြို့ရဲ့ အပြစ်တွေကို ဟောခဲ့ဖူးတယ်။

ဒီမြို့လေးကို နှစ်ကြိမ် ရောက်ဖူးတယ်။ အိန္ဒိယရောက်ခါစ ၂၀၀၅ ဇူလိုင်လနဲ့ ဒီနှစ် ဖေဖော်ဝါရီလတုန်းကရယ်။ ဖာဟီယန်တို့ ရွှင်ဆန်တို့ကတော့ နှစ် ၁၆၀၀လောက် စောပြီး ရောက်ခဲ့ကြပြီးပြီ။ အဲဒီကို သွားခဲ့တဲ့ အဓိက ရည်ရွယ်ချက်က မထုရာပြတိုက်ကို သွားကြည့်တာ။ Aniconic ခေတ်ကနေ Iconicကာလ အပြောင်းအလဲ ပုံရိပ်တွေဖြစ်တဲ့ ဗုဒ္ဓရုပ်ပွားတော် အတော်များများ စုဆောင်းထားတဲ့ ပြတိုက်တစ်ခုပါ။ “ဗာတိံသ လက္ခဏူပေတာ-သီတာနုဗျဉ္ဇနာဓရာ”ဆိုတဲ့ ဂါထာအပိုင်းအစလေးတစ်ခု ရင်ထဲမှာ စွဲနေတာ ကြာလှပြီပေါ့။ လက္ခဏာတော်ကြီးငယ် အသွယ်သွယ်နဲ့ စုံလင်ပြည့်ဝတော်မူတဲ့ မြတ်ဗုဒ္ဓရဲ့ကိုယ်စားရုပ်ပွားတော်ကို ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းပြီး စတင်ဖန်တီးခဲ့သူများရဲ့ စွဲလမ်းသက်ဝင်ယုံကြည်ချက်အတွေးမျှင်တွေကို ရော်ရမ်းမှန်းဆရင်း မထုရာမြို့လေးကို နောက်တစ်ကြိမ် သွားခွင့်ရဖို့ စောင့်ဆိုင်းနေမိတယ်။

အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ-၄)

June 28, 2008


စာရေးခြင်းအတတ်ပညာမှာ အစဆိုတာတော့ ရှိမယ်ထင်တယ်။ မြသန်းတင့်ရဲ့ The Art of Writingဘာသာပြန်ထဲမှာ အစဆိုတာကို ဒီလို ဖွဲ့ထားတယ်။

“ငယ်ငယ်တုန်းက လှပတဲ့ပစ္စည်းတခုကို အခြားတစ်ခုခုက ဖုံးကွယ်ထားတာမြင်ရင် အဲဒီဖုံးကွယ်ထားတာကို ဖယ်ရှားပစ်ချင်တဲ့စိတ်မျိုး ပေါ်ခဲ့တယ်တဲ့။ အဲဒီလို ဖုံးကွယ်ခံထားရတဲ့ အလှအပကို “အကျဉ်းချခံထားရတဲ့ အလှ”လို့ သူက ခေါ်ခဲ့တယ်။ အကျဉ်းကျခံထားရတဲ့ အမှန်တရားတစ်ခုကို လွတ်မြောက်အောင်လုပ်ပေးဖို့ စိတ်ဆန္ဒမျိုးဖြစ်တယ်ဆိုတာကို သူ အဲဒီတုန်းက မသိခဲ့ဘူးတဲ့။” 

အင်း…သူပြောလို့ပဲ။ နို့မို့ရင် စာစရေးတာ ကကြီးခကွေးကလို့ ထင်စရာ။ ဗြဟ္မဏီအက္ခရာ အရေးအဖတ် သင်ခဲ့ရတာ ၂နှစ်ပြည့်တော့မယ်။ ဒီဗြဟ္မဏီမှာလဲ က, ခ စတဲ့ အက္ခရာတွေပဲ။ အတိတ်က အရိပ်လေးတွေကို ပြန်လွမ်းမောမိတယ်။ ငယ်ငယ်တုန်းက ကကြီးခကွေး ဘယ်သူသင်ပေးခဲ့လဲ မမှတ်မိတော့ဘူး။ ကကြီးခကွေး စရေးတတ်တဲ့အချိန်မှာ အမေရော အဖေပါ အနားမှာ မရှိတာတော့ အသေအချာ မှတ်မိတယ်။ ကံကြမ္မာဆိုတာ ဆန်းကြယ်သား။ ရှိစေတော့။ အခုတော့ အသောကအက္ခရာများနဲ့ပဲ နှစ်ပါးသွားလိုက်ပါအုံးမယ်။

အသောကအက္ခရာများ ၁၇, ၁၈, ၁၉တို့ကို အသောကကျောက်ဆောင်စာငယ်လို့ ခေါ်တယ်။ အားလုံးကို ဗြဟ္မဏီအက္ခရာ, ပရာကရစ်ဘာသာစကား အသုံးပြုပြီး ရေးထားတယ်။ အသောကရဲ့ အက္ခရာများ-၁ရကို Bahapur, Bairat, Ahraura, Rupnath, Gujarra, Sahasram, Maski, Gavimath, Palkigundu, Erragudi, Rajula-Mandgiri, Brahmagiri, Siddapur, Jatinga-Ramesvara,ဆိုတဲ့ နေရာတွေမှာ တွေ့တယ်။


ဒီကျောက်စာမူဟာ တစ်ခုနဲ့တစ်ခု နည်းနည်းပါးပါးပဲ ကွာတယ်။ တစ်ချို့ကျောက်စာတွေက အပျက်အစီး မရှိဘူး။ တစ်ချို့ကတော့ တစ်ပိုင်းတစ်စပဲ ကျန်တယ်။ ဒါပေမယ့် မူတစ်ခုထဲဆိုတာကို တွက်ဆလို့ရတယ်။ အသောကရဲ့ အက္ခရာများ-၁၈ကိုတော့, Erragudi, Rajula-Mandgiri, Brahmagiri, Siddapur, Jatinga-Ramesvaraနေရာတွေမှာ တွေ့တယ်။ Erragudi မှာ ပဓာနကျောက်ဆောင်စာရော ကျောက်ဆောင်စာငယ်ရော ၂မျိုးလုံး ရှိတယ်။ အသောကရဲ့ အက္ခရာများ-၁၉ကိုတော့ Bairatမှာ တွေ့တယ်။ ဒီဒေသမှာ တွေ့တာ ၂ခု ဖြစ်နေလို့ Bairat-Bhabruကျောက်စာလို့ ဒီကျောက်စာကို ခေါ်ကြတယ်။ အခုတော့ ဒီကျောက်စာကို Calcutta မြို့က Asiatic Society of Bengalပြတိုက်မှာ သိမ်းထားတယ်။ အကြောင်းညီညွတ်ရင် ဒီကျောက်စာအကြောင်းကို ပိုစ့်တွေ အတော်များများ ရေးဖြစ်မယ်ထင်တယ်။

 

အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ-၃)

June 25, 2008

ဗုဒ္ဓစာပေတွေထဲက ကုရုတိုင်း ကမ္မာသဓမ္မမြို့ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အရှေ့တောင်ဘက်ပိုင်းမှာ တည်ရှိခဲ့တယ်လို့ အိန္ဒိယရှေးဟောင်းသုတေသနဌာနက အတည်ပြုထားတယ်။ အဲဒီမြို့ငယ်လေးမှာ မြတ်ဗုဒ္ဓဟာ အာနဉ္ဇသပ္ပါယသုတ္တန်, မဟာနိဒါနသုတ္တန်, မဟာသတိပဋ္ဌာနသုတ္တန်, မာဂဏ္ဍိယသုတ္တန်, အရိယ၀ါသသုတ္တန်, သမ္မသသုတ္တန်တွေကို ဟောကြားခဲ့တယ်။ နာမည်အကြီးဆုံးကတော့ မဟာသတိပဋ္ဌာနသုတ္တန်ပါ။ ကုရုတိုင်းဟာ ဥတုအဟာရမျှတပြီး တိုင်းသူပြည်သားတွေကလဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာလို့ ဉာဏ်ပညာ ထက်မြက်ကြတဲ့အတွက် သိမ်မွေ့နက်နဲလှတဲ့ မဟာသတိပဋ္ဌာနသုတ္တန်ကြီးကို နားလည်သဘောပေါက်ကြတယ်လို့ ဆိုတယ်။ ဗုဒ္ဓစာပေထဲမှာတော့ ကမ္မာသဓမ္မနဲ့ ပတ်သက်ပြီး အကြောင်းအရာ အတော် များများရှိပါတယ်။

ယမုနာမြစ်ကမ်းနံဘေးက ခေတ်သစ် ဒေလီမြို့မှာ အန္ဒိယအစိုးရ အုပ်ချုပ်မှုယန္တရား တည်ရှိနေသလို ဘာသာတရားပေါင်းစုံ လွှမ်းခြုံတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ အမြောက်အများ သမိုင်းမှတ်တိုင်အဖြစ် တည်ရှိနေပါတယ်။ ဒီအထဲမှာ အသောကကျောက်စာတစ်ခုလဲ ပါတယ်။ ဒီကျောက်စာကို အသောကဟာ ကုရုတိုင်း ကမ္မာသဓမ္မဒေသမှာ ရေးထိုးထားခဲ့တာလို့ ရှေးဟောင်းသုတေသနပညာရှင်တို့က သတ်မှတ်ထားကြတယ်။ ဒီကျောက်စာမူကတော့ “အသောကရဲ့ အက္ခရာများ-၁ရ”ပါ။

ဒီနေရာလေးကို ခဏခဏ ရောက်တယ်။ ဒေလီမြို့က သမိုင်းဝင်နေရာတွေထဲမှာ မြန်မာတွေအနေနဲ့ လွမ်းမောဖွယ်ရာ အကောင်းဆုံးနေရာလေးပါ။ မြတ်ဗုဒ္ဓကိုယ်တော်တိုင် ကြွရောက်သီတင်းသုံးတော်မူခဲ့ပြီး တရားဒေသနာတော်တွေ ဟောကြားသွားခဲ့တဲ့ နေရာမှာ ငြိမ်းအေးသိမ်မွေ့တဲ့ ဓမ္မဓာတ်တွေ ပျံနှံ့နေတယ်ဆိုတာ အသေအချာပါပဲ။ နေရာလေးက ရိုးရိုးလေးပဲ။ ရွှေရောင်ငွေရောင် တပြောင်ပြောင်နဲ့ မဟုတ်ဘူး။ လူနေရပ်ကွက်ထဲ ရောက်နေတော့ တချိန်တုန်းက ဒီနေရာဟာ ဒေသခံတွေရဲ့ တပိုတပါးသွားတဲ့နေရာဖြစ်နေလို့ (Indianတော်တော်များများက အဲဒီကိစ္စကို အဆင်ပြေတဲ့နေရာမှာ ရှင်းလေ့ရှိတယ်။ တစ်ခြားနိုင်ငံတွေအကြောင်းတော့ မသိဘူး။ မြန်မာနိုင်ငံနဲ့ ယှဉ်ရင်တော့ သူတို့က စံပဲ။) ဧည့်သည်တွေ လာတဲ့အခါ ဗုဒ္ဓါနုဿတိ, ဓမ္မာနုဿတိ ကမ္မဋ္ဌာန်း မစီးဖြန်းနိုင်ဘဲ ပဋိကူလသညာ ဘာဝနာပွားများတဲ့ နေရာဖြစ်ခဲ့တယ်။ အခုတော့ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အဖြစ်သတ်မှတ်ပြီး တံတိုင်းအကာအရံတွေ လုပ်လိုက်တော့မှ အဆင်ပြေသွားတယ်။

ကျောက်တောင်ကုန်းလေးတစ်ခုပေါ်မှာ မာဂဓဒေသသုံး ပရာကရစ်ဘာသာစကားကို ဗြဟ္မဏီအက္ခရာနဲ့ ဘီစီ-၃ရာစုနှောင်းပိုင်းမှာ ရေးထိုးထားပြီး ၁၉၆၆မှာ ရှာတွေ့ခဲ့တဲ့ ဒီကျောက်စာဟာ အခုအချိန်မှာတော့ ဖတ်လို့ မရနိုင်လောက်အောင် မှုန်ဝါးနေပါပြီ။

“ပကမေ ဟောတု”

“ကြိုးစားအားထုတ်ကြကုန်လော့…”

ဒီကျောက်စာပါ စကားလုံးလေးတွေက မှတ်သားစရာ။ တကယ်တော့ အက္ခရာစာလုံးတွေသာ မှုန်ဝါးဝါးဖြစ်နေတာပါ။ သဘောတရားကတော့ ထာဝရ သစ်လွင်ပြောင်မြောက်နေဆဲပါပဲ…။

 

အသောကရဲ့ အက္ခရာများ-၁၉

June 22, 2008

အသောကကျောက်စာတွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံး ကျောက်စာတစ်ခုလို့ ဆိုနိုင်တယ်။ ဒီကျောက်စာနဲ့ ပတ်သက်ပြီး စာတစ်စောင် ပေတစ်ဖွဲ့ ရေးထားကြတာတွေ အများကြီး။ နောက်မှ အကျယ်တ၀င့် ရေးတာပေါ့။ အခုတော့ အရင် ကျောက်စာသန့်သန့်ပဲ ဖတ်ကြည့်ပါအုံး။

ပိယဒသိ လာဇာ မာဂဓေ သံဃံ အဘိဝါဒနံ အာဟာ။ အပါဗာဓတံ စ ဖာသုဝဟာလတံ စာ။
ဝိဒိတေ ဝေ ဘံတေ အာဝတကေ ဟမာ ဗုဓသိ ဓံမသိ သံဃသီ တိ ဂါလဝေ စ ပသာဒေ စ။ ဧ ကေစိ ဘံတေ
ဘဂ၀တာ ဗုဓေန ဘာသိတေ သဝေ သေ သုဘာသိတေ ၀ါ ဧ စု ခေါ ဘံတေ ဟမိယာယေ ဒိသေယာ ဟေ၀ံ သဓံမေ
စိလဌိတီကေ ဟောသတီ တိ အလဟာမိ ဟကံ တံ ၀တဝေ။ ဣမာနိ ဘံတေ ဓံမပလိယာယာနိ ၀ိနယသမုကသေ
အလိယ၀သာနိ အနာဂတဘယာနိ မုနိဂါထာ မောနေယသူတေ ဥပတိသပသိနေ ဧ စာ လုဃုလော-
ဝါဒေ မုသာဝါဒံ အဓိဂိဈ ဘဂ၀တာ ဗုဓေန ဘာသိတေ ဧတာနိ ဘံတေ ဓံမပလိယာယာနိ ဣဆာမိ
ကိံတိ ဗဟုကေ ဘိခုပါယေ စာ ဘိခုနိယေ စာ အဘိခိနံ သုနေယု စာ ဥပဓာလေယေယု စာ
ဟေ၀ံမေ၀ါ ဥပါသကာ စာ ဥပါသိကာ စာ။ ဧတေန ဘံတေ ဣမံ လိခါပယာမိ အဘိဟေတံ မေ ဇာနံတူ တိ။

ပိယဒသီမည်သော အသောကမင်းတြားကြီးသည် မဂဓတိုင်း အတွင်းရှိ သံဃာတော်များသို့ ကပ်ရောက်ဖူးမျှော် ရှိခိုးလျက်, အနာရောဂါ ကင်းရှင်းစွာ နေထိုင်သီတင်းသုံးတော်မူ ကြရပါ၏လောဟု မေးလျှောက်လေပြီ၊ သံဃာများက ရောဂါကင်းကြောင်း, ချမ်းသာစွာ နေရကြကြောင်းကို ပြန်ကြား သိရပြီးနောက်, အရှင်ဘုရားတို့, အကျွနုပ်သည် ဘုရားတရား သံဃာတော် ဤ၃မျိုး၌ အလွန်ကြည်ညိုလေးစားခြင်း ဖြစ်ပါသည်။ အရှင်ဘုရားများ, ဘုရားရှင် ဟောကြားတော်မူခဲ့သမျှ တရားတော်သည် အားလုံးပင် ကောင်းစွာ ဟောကြားထားချက်သာ ဖြစ်ပါပေ၏။ အိုအရှင်ကောင်းများ, ဤတရားဒေသနာတော်များအနက် သူတော့်တရား ရှည်လျားစွာ တည်တန့်နိုင်ကြောင်းဖြစ်၍ အကျွနုပ် တကာတော် ကိုယ်တိုင်လည်း ကျေးဇူးဖြစ် ကျင့်စွမ်းနိုင်လောက်သော တရားတော်စုကို ဟောကြားတော်ကြပါကုန်။
အို သံဃာတော် အရှင်မြတ်တို့, ဘုရားရှင် နှုတ်တော်ထွက် ၀ိနည်းပိဋကတ်တော်၌ အရိယ၀ံသတရားတော်, အနာဂတဘယဒေသနာတော်, ထိုမှတပါး မောနေယျအကျင့်ကိုပြရာ မောနေယျပဋိပဒါသုတ်၊ (တနည်း- ရဟန်းအဖြစ် မုနိမည်ကြောင်း ဟောရာ ဂါထာများနှင့် မောနေယျ ပဋိပဒါသုတိ) ဥပတိဿမည်သော အရှင်သာရိပုတ္တမထေရ်မြတ်အား သုစိမုခီပုရိပိုဒ်မ ကြည်ညိုသော သုစိမုခီသုတ်, သို့မဟုတ် ဥပတိဿက ဘုရားအား ကြည်ညိုသော သမ္ပသာဒနီယသုတ် (သို့မဟုတ် အရှင်သာရိပုတ္တထေရ်၏့ အမေးဖြစ်သော သာရိပုတ္တသုတ်) နှင့် မုသာဝါဒကို အကြောင်းပြု၍့ ဟောတော်မူသော ရာဟုလောဝါဒသုတ်, အရှင်ဘုရားတို့, ဤတရားတော်များကို မည်သို့အားဖြင့် ရဟန်းယောင်္ကျား ရဟန်းမိန်းမတို့ မပြတ်နာယူ ဆောင်ရွက်ကုန်အံ့နည်း, ဥပါသကာ, ဥပါသိကာမအပေါင်းတို့လည်း ထို့အတူ အဘယ်သို့ မပြတ်ဆောင်ယူကုန်မည်နည်းဟု တကာတော် အလိုအာသာရှိပါ၏။ အိုအရှင်ကောင်းတို့ ဤတရားတော်တို့ကို အစွဲးပြု၍့ ဤယခုပြောကြားလျှောက်ထားချက်ကို ရေးသားစေပါ၏။ ဤသို့အားဖြင့် တကာတော်၏့ အလိုဆန္ဒကို အများသိမြင်ကြပါလိမ့်မည်ဟု လျှောက်ထားလေပြီ။
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စ၀ံသ)

ပိယဒသီမင်းကြီးသည် မာဂဓတိုင်း၌ သံဃာတော်တို့အား ရိုသေစွာ ရှိခိုး၍ လျှောက်ထားသည်မှာ
အသျှင်တို့သည် အနှောင့်အရှက်ကင်းသည်ဖြစ်၍ ကျန်းမာချမ်းသာစွာ နေကြရပါ စေကုန်သတည်း။
တကာတော် မင်းကြီးသည် ဖုရား၌၎င်း တရား၌၎င်း သံဃာ၌၎င်း အဘယ်မျှ ရိုသေမြတ်နိုးကြည်ညိုသည်ကို အသျှင်တို့ အသိဖြစ်ပါသည်။
အိုအရှင်တို့ ဖုန်းတော်ကြီးမြတ်တော်မူသော ဗုဒ္ဓဖုရားသျှင် ဟောကြားတ်ာမူခဲ့သော တရားတော်အပေါင်းတို့သည်ကား ကောင်းစွာ ဟောကြားတော်မူခဲ့သည်ချည်းသာဖြစ်၏။ ထိုတရားတော်တို့တွင် အကြင်တရားတော်တို့သည် ကောင်းမြတ်သော တရားတော်ဖြစ်၍ ရှည်မြဲစွာ တည်ထိုက်သည်ဟု တကာတော် သိမြင်ခဲ့အံ့။ ထိုတရားတော်တို့ကို ကြေငြာလတံ့။
အိုအသျှင်တို့ ဤသည်တို့သည်ကား (ဆိုအပ်ခဲ့သော) တရားတော်တို့၏ အစိတ်အပိုင်း ကျမ်းဂန်တို့ပေတည်း။
ဝိနယသမုက္ကံသ၊ အရိယ၀ံသ၊ အနာဂတဘယ၊ မုနိဂါထာ၊ မောနေယျသုတ္တ၊ ဥပတိသပသိန၊ ရာဟုလောဝါဒ (မုသာဝါဒကို အကြောင်းပြု၍ ဖုန်းတော်ကြီးမြတ်တော်မူသော ဖုရားသျှင် ဟောကြားတော်မူသည်)။
ထိုတရားကျမ်းဂန်တို့အား များစွာစော ရဟန်းတော် ဘိက္ခူတို့သည်၎င်း ရဟန်းတော်မ ဘိက္ခုနီတို့သည်၎င်း မပြတ်မလတ် ကြားနာ၍ စိတ်၌ မှတ်သားဆောင်ထားကြရန် တကာတော် အလိုရှိပါ၏ဖုရား။ လူယောကျာင်္း လူမိန်းမ (ဥပါသကာ၊ ဥပါသိကာ)တို့သည်လည်း ထိုနည်းတူစွာ ကြားနာ မှတ်သား ဆောင်ထားကြပါစေကုန်သတည်း။
တကာတော်၏ ရည်ရွယ်ချက်ကို အားလုံးသိနားလည်ကြစေရန် ဤကဗျည်းကို ရေးသားစေ၏။
(အသောကကျောက်စာများ-ဦးဖိုးလတ်)

ပိယဒသီမင်းသည် မာဂဓတိုင်းသံဃာကို ရှိခိုးလျှောက်ကြား၏။ အနာရောဂါ မရှိမူ၍ ချမ်းသာစွာ နေရပါစေသတည်း။ အရှင်တို့ ဘုရား, တရား, သံဃာ၌ ကျွန်ုပ်၏ ရိုသေမြတ်နိုးခြင်းကို အရှင်တို့ သိကြပါ၏။ အရှင်တို့ မြတ်စွာဘုရား ဟောကြားသော တရားတို့သည် ကောင်းစွာ ဟောကြားထားခြင်းတို့ ဖြစ်ပါ၏။ အရှင်တို့ ထိုတွင် သူတော်ကောင်းတရား အဓွန့်ရှည်ရန် ဟောကြားသော တရားအချို့ကို ကျွန်ုပ် ညွှန်ကြားပါမည်။
အရှင်တို့ ယင်းတရားတို့မှာ ၀ိနယသမုသက, အရိယ၀ံသ, အနာဂတဘယ, မုနိဂါထာ, မောနေယသုတ်, ဥပတိသပသိနနှင့် မြတ်စွာဘုရား မုသာဝါဒနှင့် စပ်လျဉ်း၍ ဟောကြားသော ရာဟုလောဝါဒတို့ ဖြစ်ပါသည်။ ဤတရားတို့ကို ကျွန်ုပ် လိုလားပါသည်။
အဘယ်ကြောင့်နည်းဟူမူ များစွာသော ဘိက္ခု, ဘိက္ခုနီတို့ မပြတ်နာယူကျင့်ဆောင်ရန်နှင့် ဤနည်းတူ ဥပါသကာ, ဥပါသိကာတို့ နာယူကျင့်ဆောင်ရန်ဖြစ်ပါသည်။ အရှင်တို့ ကျွန်ုပ်၏ အလိုဆန္ဒကို သိကြစေရန် ယင်းအကြောင်းကို ရေးသားစေပါသည်။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)

His Grace” the King of Magadha addresses the Church with greetings and bids its members prosperity and good health. ‘You know, Reverend Sirs, how far extend my respect for and faith in the Buddha, the Sacred Law, and the Church. Whatsoever, Reverend Sirs, has been said by the Venerable Buddha, all of that has been well said. However, Reverend Sirs, if on my own account I may point out (a particular text), I venture to adduce this one: “Thus the Good Law will long endure.” Reverend Sirs, these passages of the Law, to wit:
1 The Exaltation of Discipline (Vinaya-samukkase);
2 The Course of Conduct of the Great Saints (Aliyavascini);
3 Fears of what may happen (Andgata-bhaydni);
4 The Song of the Hermit (Muid-ydtka);
5 The Dialogue on the Hermit’s Life (Money a- stile);
6 The Questioning of Upatishya (Upatisa-pasine);
7 The Address to Rahula, beginning with the Subject of Falsehood (Ldyhulovdde musdvddam adhigidhya) spoken by the Venerable Buddha these, Reverend
Sirs, I desire that many monks and nuns should frequently hear and meditate; and that likewise the laity, male and female, should do the same. For this reason, Reverend Sirs, I cause this to be written, so that people may know my intentions (abhipretam).’
(Asoka, the Buddhist Emperor of India- V. A. Smith)

His Gracious Majesty, King of Magadha, saluting the Sangha, and wishing them all health and happiness, addresses them as follows: Known is it to you, Reverend Sirs, to what extent is my reverence as well as faith in the Buddha, the Dharma and the Samgha. Whatsoever has been said, Reverend Sirs, by the Lord
Buddha, all that has of course been well said. But of such, what has been selected by me that the True Dharma may be everlasting I may be privileged to state. The following, Reverend Sirs, are the passages of the scripture:
1. The excellent treatise on Moral Discipline (Vinayasamukasa)*
2. The course of conduct followed by the sages modes of ideal life (Aliyavasdni)*
3. Fears of what may come about in future (Andgatabhaydni) dangers threatening the Sahgha and the doctrine.
4. Poem on “Who is a hermit?” (Muni-gatha).
5. Discourse on Quietism (Mauneya-sute).
6. The Questions of Upatisya (Upatisa-pasine).
7. The Sermon to Rahula l beginning with the Sermon on Falsehood, as delivered by the Lord Buddha (Ldghulovdde musdvddam adhigichya).
These sections of the Dharma, Reverend Sirs, I desire that most of the reverend monks and nuns should repeatedly listen to and meditate, and in the same way, the lay-disciples, male as well as female (should act). For this reason, Reverend Sirs, am I causing this to be inscribed that they may know of my intention.
(Asoka-R.K. Mookerji)

The king of Magadha, Piyadassi, greets the Order and wishes it prosperity and freedom from care. You know Sirs, how deep is my respect for and faith in the Buddha, the Dhamma and the Samgha [i.e. the Buddhist creed]. Sirs, whatever was spoken by the Lord Buddha was well spoken. And Sirs, allow me to tell you what I believe contributes to the long survival of the Buddhist Dhamma. These sermons on Dhamma, Sirs—the Excellence of the Discipline, the Linage of the Noble One, the Future Fear, the Verses of the Sage, the Sutra of Silence, the Questions of Upatissa, and the Admonition spoken by the Lord Buddha to Rahula on the subject of flase speech—these sermons on the Dhamma, Sirs, I desire that many monks and nuns should hear frequently and meditate upon, and likewise laymen and laywomen. I am having this engraved Sirs, so that you may know what I desire.
(Asoka and the decline of the Mauryas- Romila Thapar)

King Priyadarsi, of Magadha having saluted the Samgha wishes them good health and happiness and says: “ You know, respected sirs, how firm is my faith and reverence in the Buddha, Dharma and Samgha. Respected Sirs, whatever has been said by the Enlightened Buddha all that has been well said. But, respected sirs, if I may suggest (anything) so that the noble Dharma may thus survive long, I may be given to opportunity to speak. These, respected sirs, the passages of the (holy and ) religious texts; Vinaya Samuksa, Aliya Vamsas, Anagatabhayas, Munigatha, Moneya Suta, Upatisa Pasina and, the sermon preached to Rahula by the Enlightened Buddha regarding ‘flasehood’. These religious texts, respected sirs, I wish the monks and nuns to regularly listen to and concentrate upon. The lay men and women devotees should act similarly. It is for this matter, respected sirs, that I have caused it to be inscribed so that they may know my desire.
(Inscriptions of Asoka- N. P. Rastogi)

King Priyadarsin of Magadha, having sluted the Samgha, wishes them good health and comfortable (bodily) movement. Ye know, Reverend Sirs, how great are my respect and kindliness towords Buddha, Dhamma and Samgha. Whatever, Reverend Sirs, has been said by the Blessed Buddha—all that has been well said. But, Reverend Sirs, if I may point out (anything) in order that the sublime Dhamma may thus endure long. I deem it proper to speak it out. Reverend Sirs, these are the text of Dhamma: (1) Vinaya-samukasa, (2) Aliya-vamsas, (3) Anagatabhayas, (4) Muni-gatha, (5) Moneya suta, (6) Upatisa-pasina, and (7) the Sermon to Rahula delivered by the Blessed Buddha concerning ‘falsehood.’ These texts of Dhamma, Reverend Sirs, I desire the majority of monks and nuns to constantly listen to and meditate upon. They laymen and laywomen (should do) similarly. It is for this reason, Reverend Sirs, that I am causing this to be engraved: in order that they may know my wish.
(Asoka- D.R. Bhandarkar)

အသောကရဲ့ အက္ခရာများ-၁၈

June 20, 2008

ကျောက်စာတွေ ဖတ်ရတာ မောရောပေါ့။ ဒီတစ်ခါ တိုတိုရှင်းရှင်းလေးပါ။ ဒါပေမယ့် အသက်ရှည်ကြောင်း နည်းလမ်းကောင်းတွေပါတယ်။

သေ ဟေ၀ံ ဒေ၀ါနံပိယေ
အာဟ။ မာတာပိတိသု သုသူသိတ၀ိယေ။ ဟေ၀မေ၀ ဂရုတွ ပြဏေသု ဒြဟျိတ၀ျံ။ သစံ
ဝတ၀ိယံ။ သေ ဣမေ ဓံမဂုဏာ ပ၀တိတ၀ိယာ။ ဟေ၀မေ၀ အံတေ၀ါသိနာ
အာစရိယေ အပစာယိတ၀ိယေ ဉာတိကေသု စ ကုယ(ထာ) ရဟံ ပ၀တိတ၀ိယေ။
ဧသာ ပေါရာဏာ ပကိတီ ဒိဃာဝုသေ စ ဧသ ဟေ၀ံ ဧသ ကဋ၀ိယေ။
စပဍေန လိခိတံ လိပိကရဏေ။

ထို့ကြောင့် မင်းတကာတို့ လေးစားချစ်ကြည်အပ်သော အသောကမင်းတြားကြီး ဤသို့ ပြန်ကြားတော်မူလေပြီ၊ အမိ အဘတို့ စကားကို နားထောင်လိုက်နာရာ၏။ ဤအတူပင် ဆရာသမား, (အသက်အရွယ် ကြီးသူတို့ စကားကို လိုက်နာရာ၏။ အဆွေခင်ပွန်း, ချစ်ကျွမ်းဝင်သူ, ဆွေမျိုးဉာတိတို့၌၎င်း, ကျေးကျွန်အစေခံ အမှုလုပ်အထိ၎င်း ကောင်းစွာ ကျင့်ရာ၏။ သတ္တ၀ါတို့ကို ညှင်းဆဲးသတ်ဖြတ်ခြင်းကို မပြုအပ်၊) စကားကို ဖြောင့်မှန်စွာ ပြောဆိုအပ်၏၊ ထိုသို့အားဖြင့် ဤတရား၏ ဂုဏ်ကျေးဇူးကို ဤသို့ လိုက်နာ ကျင့်ဆောင်ရာ၏၊ ဤသို့လျှင် ဆရာသမား အပေါ်၌ တပည့်ကောင်းသည် ကျိုးနွံစွာ ကျင့်ဆောင်အပ်၏။ ဆွေညာသင်္ဂဟတို့ အပေါ်၌လည်း (ကောင်းစွာ ကျင့်ရာ၏၊) ဤသည်ကား ရှေးသူဟောင်းစဉ်လာ ကျင့်ကြံလိုက်နာသော တရားလမ်းတည်း။
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စ၀ံသ)

နတ်တို့ချစ်မြတ်နိုးသော မင်းကြီး မိန့်တော်မူသည်မှာ–
မိဖတို့အား ရိုသေကျိုးနွံရာ၏၊ ထိုနည်းတူစွာ သတ္တ၀ါတို့အား လေးစာသော စိတ်ကို ရင့်သန်စေရာ၏၊ အမှန်ကို ပြောဆိုရာ၏။ ဤတရားတော်၏ ဂုဏ်တို့ကို ပြန့်နှံ့စေရာ၏။
ထိုနည်းတူစွာ တပည့်တို့သည် ဆရာတို့အား ရိုသေမြတ်နိုးရာ၏။ အဆွေအမျိုးတို့အားလည်း လျောက်ပတ်စွာ ပြုစုရာ၏။
ဤသည်တို့သည်ကား အသက်ကို ရှည်စေသော ရှေးဟောင်းကျင့်စဉ် တရားရင်းတို့ပေတည်။ ဤသို့ တရားတော်ရှိသည်အတိုင်း ကျင့်သုံးရာ၏။ (စာရေး စပဍ ရေးထိုး၏)
(အသောကကျောက်စာများ-ဦးဖိုးလတ်)

ဒေ၀ါနံပိယသည် ဤသို့ မိန့်ဆို၏။ အမိအဖတို့၌ ကိုးကွယ်ဆည်းကပ်ရာ၏။ ဤအတူ သတ္တ၀ါတို့၌ လေးစားမှု အမြဲ ပြုရာ၏။ အမှန်သစ္စာကို ပြောဆိုရာ၏။ ဤတရားဓမ္မဂုဏ်ကျေးဇူးကို ပြန့်နှံ့အောင် ပြုရာ၏။ ဤအတူ အန္တေ၀ါသိကတပည့်သည် ဆရာသမားကို ရိုသေစွာ ဆည်းကပ်ရာ၏။ ဆွေမျိုးဉာတကာနှင့် အမျိုးသားတို့၌ သင့်တင့်လျောက်ပတ်စွာ ပြုကျင့်ရာ၏။ ဤသည်တို့ကား ရှေးပေါရာဏဓမ္မလမ်းကြောင်း အသက်ရှည်ကြောင်းတို့ဖြစ်၍ လိုက်နာကျင့်ဆောင်ကြရမည်။ ပဋမည်သော စာရေးသူရေး၏။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)


Thus saith His Sacred Majesty (Devanaihpiya): ‘ Father and mother must be hearkened to; similarly, respect for living creatures must be firmly established; truth must be spoken. These are the virtues of the Law which must be practiced. Similarly, the teacher must be reverenced by the pupil, and fitting courtesy must be shown to relations.’ This is the ancient nature of things this leads to length of days, and according to this men must act.
Written by Pada the scribe.
(Asoka, the Buddhist Emperor of India- V. A. Smith)

Thus saith again His Sacred Majesty: Father and mother must be properly served; likewise, a respect for all life should be an established principle, truth must be spoken. These religious requisites or virtues must be promoted.
Likewise the preceptor must be reverenced by his pupil and proper treatment should be shown towards relations. This is the traditional rule of conduct, and this makes for long life. Thus should one act. Written by the scribe Chapada.
(Asoka-R.K. Mookerji)

Even thus saith the Beloved of the Gods: “Father and mother must be properly respected; similarly, respect for all living beings should be a definite principle; Truth must be spoken.” These (fundamentals or) virtues of religion should be propagated. Likewise, the preceptor should be revered by the disciples; and relatives should be given due regard. This is the conventional law of conduct and this is long enduring. Hence it should be followed. Inscribed by Pada the scribe.
(Inscriptions of Asoka- N. P. Rastogi)

Even thus saith the Beloved of the gods: “Father and mother shall be hearkened to: Likewise, respect for living creatures shall be made firm. Truth should be spoken.” These are the qualities of Dhamma which ought to be practiced. Likewise, the preceptor shall be reverenced by the pupil; and one should behave onself fittingly towards the blood-relatives. This is primeval nature; and this is long-enduring. Hence it should be acted upon. Written by Pada the scribe.
(Asoka- D.R. Bhandarkar)

အသောကရဲ့ အက္ခရာများ-၁ရ

June 17, 2008

“နှုတ်တစ်ရာ စာတစ်လုံး” ဆိုတဲ့စကားက တခါတလေ “စာတစ်လုံး နှုတ်တစ်ရာ” ဖြစ်သွားနိုင်တယ်။
ဘီစီ ၃ရာစုက အသောကကျောက်စာ တစ်လုံးတစ်ပါဒကို ပညာရှင်တွေ ဝေဖန်လေ့လာသုံးသပ်ကြတဲ့အခါ မတူညီတဲ့ အယူအဆလေးတွေကို ဘာသာပြန်တွေ ဖတ်ကြည့်ရင် တွေ့နိုင်ပါတယ်။ တစ်ချို့ကျောက်စာတွေကို မူတစ်ခုပဲ ရှာတွေ့တယ်။ တစ်ချို့ကိုတော့ နေရာအနှံ့မှာ မူအမျိုးမျိုး တွေ့ရတယ်။ ရှာမတွေ့တာတွေလဲ အများအပြား ရှိနိုင်တာပဲ။ ပဲ့ရွဲ့မှုန်ဝါးပျက်စီးတာတွေလဲရှိတော့ မူရင်းကျောက်စာရေးထိုးသူရဲ့ သဘောထားနဲ့ နှီးနှောတိုက်ဆိုင်ဖို့ နှစ်ပေါင်းအတော်ကြာ အကြီးအကျယ် ကြိုးစားထားရမယ့်သဘောကို အခုမှ မတောက်တခေါက်နဲ့ လေ့လာမိတဲ့ သူတစ်ယောက်ကတောင် သဘောပေါက်မိပါတယ်။ အင်း…ဒီတော့ ရှေးက ပညာရှင်တွေ စိုက်ပျိုးခဲ့လို့ ဖြစ်ထွန်းလာတဲ့ အသီးအပွင့်တွေကို စားသုံးရအုံးမှာပါ။ နောင်တစ်ချိန်မှာတော့ ကိုယ်တိုင် စိုက်ပျိုးခွင့် ကြုံတဲ့အခါ အခွင့်အရေးကို လက်မလွှတ်နဲ့ပေါ့။

သုဝံဝဂိရီတေ အယပုတသ မဟာမာတာနံ စ ၀စနေန ဣသိလသိ မဟာမာတာ အာရောဂိယံ ၀တ၀ိယာ ဟေ၀ံ စ ၀တ၀ိယာ ဒေ၀ါဏံပိယေ အာဏာပယတိ။
အဓိကာနိ အဎါတိယာနိ ၀သာနိ ယ ဟကံ ဥပသကေ နော တု ခေါ ဗာဎံ ပကံတေ ဟုသံ ဧကံ သ၀ဆရံ။ သာတိရေကေ တု ခေါ သံဝဆရံ
ယံ မယာ သံဃေ ဥပယီတေ ဗာဎံ စ မေ ပကံတေ။ ဣမိနာ စု ကာလေန အမိသာ သမာနာ မုနိသာ ဇံဗုဒီပသိ
မိသာ ဒေဝေဟိ။ ပကမသ ဟိ ဣယံ ဖလေ။ နော ဟီယံ သကျေ မဟာ တ္ပေနေ၀ ပါပေါတဝေ။ ကာမံတု ခေါ ခုဒကေနပိ
ပကမမိဏေဏ ၀ိပုလေ သွဂေ သကျေ အာရာဓေတဝေ။ ဧတာယဌာယ ဣယံ သာဝဏေ သာဝါပိတေ
ယထာ ခုဒကာ စ မဟာတ္ပာ စ ဣမံ ပကမေယု တိ အံတာ စ မေ ဇာနေယု စိရဌိတီကေ စ ဣယံ
ပကမေ ဟောတု။ ဣယံ စ အဌေ ၀ဎိသိတိ ၀ိပုလံ ပိ စ ၀ဎိသိတိ အ၀ရဓိယာ ဒိယဎိယံ
ဝဎိသိတိ။ ဣယံ စ သာဝဏေ သာဝါပိတေ ၀ျုထေန ၂၀၀ ၅၀ ၆

သုဝဏ္ဏ-ဂိရိမြို့၌ တည်နေ၍့ အရှင် မင်းတြား၏ သားတော် စကား, အမတ်ကြီးတို့၏ စကားဖြင့် ဣ(သိ) လ၀သိ အမတ်ကြီးသည် မပျက်မကွက် လိုက်နာရမည်၊ မင်းတကာတို့ ချစ်ကြည် လေးစားအပ်သော အသောကမင်းတြားကြီး ဤသို့ မိန့်ကြားတော်မူပြီ၊ ငါ မင်းမြတ်သည် လက်မွန်မဆွ ၂နှစ်ခွဲးကျော် ကာလပတ်လုံး ရတနာ ၃ပါးကို ကိုးကွယ် ဆည်းကပ်သော ဥပါသကာဖြစ်သော်လည်း မြဲးစွဲးစွာ ဆည်းကပ်သော ဥပါသကာ တဦးကား မဟုတ်သေးချေ၊ တနှစ်ကို လွန်သောအခါ၌ကား ငါ, မင်းမြတ်သည် သံဃာတော်များထံ ဆည်းကပ်လေသော်, ၎င်းတို့ထံလည်း ငါမင်းမြတ်သည် မြဲးစွဲးကောင်းမွန်စွာ ကပ်ရောက်လေသော်, ဤအခါ၌ကား (ရှေးအခါ) ဤဇမ္ဗူဒိပ်ကျွန်း၌ လူမျိုးလူဇတ်ဖြစ်လျက် နတ်တို့နှင့် နှီးနှောနိုင်ခြင်းကား ဤလူ့အဖြစ်က အားထုတ်ခြင်း၏့ အကျိုးတည်း၊ ထိုသို့သော အကျိုးကို ကြီးကျယ် မြောက်မြားသော လုံ့လဖြင့်သာ ရရောက်ရန် စွမ်းနိုင်ကြသည် မဟုတ်ကုန်, သေးငယ်နုံနဲ့သော အားထုတ်ခြင်းဖြင့်လည်း ပြန့်ပြော ကြီးကျယ်သော ချမ်းသာကို ရ၍့ နတ်ပြည်၌ နစ်ခြိုက်ရန် စွမ်းနိုင်ကုန်၏၊ ဤအတ္ထုပ္ပတ်တို့ကို ကြားသိတော်မူရ၏။
ငါမင်းမြတ် ကြားသိတော်မူရသကဲ့သို့ (ဤလူ့ပြည်၌) ငယ်ရွယ်သူ ဖြစ်စေ, အိုမင်းသူဖြစ်စေ ဤနတ်ရွာ ရောက်ကြောင်းတရားကို အားထုတ်ကြစေ၊ ထို့အတိုင်းလည်း ငါ့စကားကို သိနားလည်ကြစေ၊ ဤနည်းကိုသာ ပြုလုပ်၍့, ရှည်မြင့်စွာ အားစိုက်ကြစေ၊ ယင်းသို့ အားထုတ်ခြင်းသည် ထိုအကျိုးကို တိုးစေလတ္တံ့၊ နှစ်ဆထပိုး တိုးတက်ပြန့်ပွားသော အကျိုးကိုလည်း တိုးတက် ပွားစီးစေလတ္တံ့၊ မချွတ်လျှင် ၂ဆ ထပိုး တိုးပွားလတ္တံ့၊ ဤသို့သော အကြောင်းအရာကို တောင်တို့အထက်၌ ရေးသား တည်ထားအပ်၏၊ (၀ါသတဟဓ) အရပ် ကျောက်တိုင်ထက်၌ ရေးသားစေအပ်၏၊ ဤသို့သော တရား သိမှတ်ကြောင်း စာတော်ဖြင့်လည်း (တွေ့မြင် သိနားလည်သမျှ သူတို့သည် ပြုကျင့် လိုက်နာစေသတည်း၊ ဤမိန့်မြွက်ချက် တရားစာတော်ကို ထုတ်ပြန်ပြီးလျှင်, ပြောကြားစေခြင်း, ပြောကြားရန် အားထုတ်စေသူ ထားရှိစေခြင်း– ဤနှစ်မျိုးကို ပြည့်စုံစွာ အမြဲး အခိုင် အားထုတ် နှိုးဆော်စေရန် မြဲးစွဲးစွာ ထားရှိစေ၏၊ ဤအဓိပ္ပါယ်ကို တောင်ထက်တို့၌ လည်းကောင်း ထိုအတူ ကျောက်တိုင်တို့၌လည်းကောင်း ရေးသားစိုက်ထားစေအပ်၏။……
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စ၀ံသ)

သုဝဏ္ဏပြည်ရှိ အသျှင် သားတော်နှင့် အမတ်ကြီးတို့၏ စကားဖြင့် ဣသိလပြည်ရှိ အမတ်ကြီးတို့အား ကျန်းမာကြောင်း နှုတ်ဆက်ပြီးသော် ဤသို့ မိန့်ကြားရာ၏။
နတ်တို့ချစ်မြတ်နိုးသော မင်းကြီး အမိန့် ထုတ်ပြန်တော်မူလိုက်သည်မှာ–
ငါသည် နှစ်နှစ်ခွဲကျော်မျှ ဥပသကာ ဖြစ်ခဲ့သော်လည်း တစ်နှစ်တာမျှ ကောင်းစွာ အားမထုတ်ခဲ့ချေ။ သို့ရာတွင် တစ်နှစ်ကျော်လောက်က သံဃာတော်အား ဆည်းကပ်ပြီးသော် ကောင်းစွာ အားထုတ်ခဲ့လေပြီ။ ဤမျှတိုင် ကာလအတွင်း ဇမ္ဗူဒီပါကျွန်း၌ လူတို့သည် နတ်တို့နှင့် နှီးနှောခြင်း မရှိခဲ့ဖူးသော်လည်း ယခု နတ်တို့နှင့် နှီးနှောလျက်ရှိချေပြီ။ ဤကား ငါ၏ လုံ့လအကျိုးပေတည်း။ ဤအကျိုးကို ကြီးမြင့်သူတို့သည်သာ ခံစားနိုင်သည် မဟုတ်၊ သေးငယ်သူတို့ပင်လည်း ကြိုးစားအားထုတ်ခြင်းဖြင့် ကြီးကျယ်သော နတ်ပြည်စည်းစိမ်ကို ခံစားနိုင်ချေ၏။
ဤအလို့ငှာ ဤစာတမ်းကို ထုတ်ပြန်တော်မူသည်။ သေးငယ်သူတို့သည်၎င်း၊ ကြီးမြင့်သူတို့သည်၎င်း ဤညွှန်ကြားချက်အတိုင်း ကြိုးစားအားထုတ်ကြကုန်လော့။ ငါ၏နိုင်ငံအစွန်အပသားတို့သည်လည်း ဤအကြောင်းကို သိကြပါစေကုန်သတည်း။ ဤသို့ အားထုတ်ခြင်းသည်လည်း ရှည်မြင့်စွာ တည်ပါစေသတည်း။ ဤလုပ်ငန်းစဉ်သည်လည်း ပွားတိုးလတံ့။ ဖွံ့ဖွ့ံဖြိုးဖြိုးပင် ပွားတိုးလတံ့။ ယုတ်ဆွအဆုံး နှစ်ဆခွဲမျှပင် ပွားတိုးလတံ့။
ဤပြန်တမ်းကို တိုင်းခမ်းလှည့်လည်စဉ် ၂၅၆ကြိမ်တိုင် ထုတ်ပြန်ခဲ့လေပြီ။
(အသောကကျောက်စာများ-ဦးဖိုးလတ်)

သုဝဏ္ဏဂိရိမှ မင်းသားနှင့် အမတ်ကြီးတို့၏ စကားဖြင့် ဣသိလပြည်ရှိ အမတ်ကြီးတို့အား ကျန်းမာခြင်း သတင်းကို မေးပြီး ဤစကားကို ပြောကြားကြလော့။
ဒေ၀ါနံ ပိယ မှာကြားလိုက်၏။ ငါသည် ၂နှစ်ခွဲ အလွန်က တပည့်သာဝက ဖြစ်ခဲ့သော်လည်း ကောင်းစွာ ကြိးစား အားထုတ်ခြင်း မရှိခဲ့။ ၁နှစ်ခွဲအလွန်မှ သံဃာကို ကိုးကွယ်ဆည်းကပ်ပြီး ငါသည် ကောင်းစွာ ကြိုးစားအားထုတ်၏။ ဤအတွင်း ဇမ္ဗူဒီပါကျွန်းမှာ နတ်တို့နှင့် အဆက်အသွယ် မရှိခဲ့၊ ယခုအခါ ဆက်သွယ်နှီးနှောနေ၏။ ယင်းသည် ငါ၏ ကြိုးစားအားထုတ်ခြင်း အကျိုးကျေးဇူးပင်ဖြစ်၏။ ဤအကျိုးကို လူကြီးတို့သာ ရသည်မဟုတ်၊ လူငယ်သည်လည်း ကြိုးစားအားထုတ်လျှင် ပြန့်ပြောသော နတ်စည်းစိမ်ကို ခံစားနိုင်၏။
ဤအကျိုးတရားကို ကြားသိစေရန် ဤစကားကို ပြောကြားခြင်းဖြစ်၏။ သို့ကြောင့် လူငယ်ဖြစ်စေ, လူကြီးဖြစ်စေ ကြိုးစားအားထုတ်ကြလော့၊ ပြည်နီးချင်း မင်းတို့လည်း ကြိုးစားအားထုတ်ကြလော့၊ ကြာရှည်စွာ အားထုတ်ကြလော့၊ သို့ဖြင့် ဤအကျိုးတရား ကြီးပွားပြန့်ပြော တိုးတက်လိမ့်မည်။ အယုတ်ဆုံး တဆခွဲမျှ တိုးပွားလိမ့်မည်။ ၂၅၆ကြိမ်မြောက် တိုင်းခမ်းလှည့်လည်ရာ၌ ဤစကားကို ကြားသိစေ၏။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)

‘His Sacred Majesty (Devdnanpiya) gives these instructions: “For more than two-and-a-half years I was a lay disciple, without, however, exerting myself strenuously. But a year in fact, more than a year ago I entered the Order, and since then have exerted myself strenuously.
During that time the men in India who had been unassociated with the gods became associated with them. For this is the fruit of exertion. Nor is this to be attained by greatness only, because even by the small man who chooses to exert himself, immense heavenly bliss may be won. For that purpose has this proclamation been proclaimed: ‘ Let [small] and great exert themselves to this end.’
My neighbors, too, should learn this lesson, and may this lesson long endure! And this purpose will increase– yea, it will increase vastly, at least half as much again will it increase.” And this proclamation was proclaimed by the body of missioners (vyuthena), [to wit], 256 [persons].’
(Asoka, the Buddhist Emperor of India- V. A. Smith)

Under the instructions of the Prince (aryaputra) and Ministers (mahamatras) from Suvarnagiri, the Ministers of Isila are to be wished good health and then addressed as follows: Thus ordains His Sacred Majesty : For more than two years and a half that I had been a lay-disciple (upasaka), I had not exerted myself well. But a year indeed, for more than a year that I visited the Samgha, I exerted myself greatly. Thus during this time the people in Jambudvipa who had remained unassociated with the gods became associated with the gods. Of exertion, indeed, is this the result! But this cannot be attained by the great alone. For the small, too, can attain to a wide heaven of bliss by sustained exertion.
For this purpose has this message been proclaimed that (the small) along with the great may exert themselves in this manner, and that even my frontagers, may know (it), and that this exertion may be of long duration. Nay, it shall increase, shall immensely increase, it shall increase by at least one and a half times. And this message has been caused to be proclaimed 256 times by the king on tour.
(Asoka-R.K. Mookerji)

By order of the prince-viceroy and the mahamatras from Suvanagari, the mahamatras at Isila are to be asked of good health and addressed thus: “The Beloved of the Gods sath: For more than two years and a half that I am lay devotee. I have not exerted much myself for a year; but of course, for more than one year that I have passed in the Samgha, I have exerted myself much.” During this interval, however, people who were not mixed, were caused to be mixed with the Gods throughout Jambudviapa. For, this is the consequence of exertion. This is not possible only for the higher officers to achieve, but of course it is possible for a lower (officer), if he exerts himself, to cause (men) to attain much divine pleasure. This announce has been made for this purpose, in order that the lower and the higher (officers) will exert themselves for this (end), that my neighbors too, may understand this, and that this exertion may live for a long time. And this object will grow, and will grow immensely, will grow (at least) one and half fold. And this has been caused to be heard when there have passed 256 days (of my tour.)
(Inscriptions of Asoka- N. P. Rastogi)

By command of the Prince Viceregent and the Mahamatra from Suvarnagiri the Mahamatra at Isila should be asked: (their) health, and (then) addressed as follows: “The Beloved of the Gods sath: ‘It is more than two years and a half that I am a lay worshipper. I did not exert myself strenuously for one year: but, indeed, more than one year that I have lived with the Samgha, I have exerted myself strenuously. During this period, however, men who were unmixed, were caused to be mixed, with gods throughout Jambudvipa. [R.—During this period gods, who were unmixed, were caused to be mixed (with men), throughout Jambudvipa.] For this is the fruit of exertion. This is possible not only for the superior (official) to achieve, but indeed it is possible for even a subordinate one, if he exerts himself, to cause (people) to attain much heavenly bliss. For this purpose this proclamation has been made; in order that the subordinate ones and the superior ones shall exert themselves to this (end), that my neighbors should know this and that this exertion may long endure. And this object shall grow, indeed shall grow profusely, shall grow (at least) one-and-half fold. And this discourse has been caused to be heard when there had elapsed 256 (years)’.”
(Asoka- D.R. Bhandarkar)

အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ-၂)

June 14, 2008

ကလိင်္ဂဟာ အသောကသမိုင်းမှာ ထူးခြားတဲ့ နေရာတစ်ခုပါ။ စစ်နဲ့ ငြိမ်းချမ်းရေးတို့ရဲ့ မွေးဖွားရာဒေသတစ်ခုလို့ ဆိုနိုင်ပါတယ်။ အဲဒီဒေသမှာ အသောကဘုရင်ဟာ ကျောက်စာ နှစ်ခု ရေးထိုးခဲ့တယ်။


အသောကရဲ့ အက္ခရာများ (၁) ကနေ (၁၄) အထိကို Ginar, Kalsi, Yerragudi, Sopara ၊ Shahbazarhi, Mansehra ဒေသတွေမှာ ရေးထိုးထားတာကို တွေ့ရပေမယ့် Dhauliနဲ့ Jaugada ဒေသနှစ်ခုမှာတော့ (၁) ကနေ (၁၀) အထိ, (၁၄), ပြီးတော့ (၁၅)နဲ့ (၁၆)ကို ရေးထိုးထားတာပါ။ ဒါကြောင့် (၁၅)နဲ့ (၁၆)ကို သီးခြားကျောက်ဆောင်စာလို့ ခေါ်ကြတယ်။ ကလိင်္ဂတိုင်းမှာ ရေးထိုးထားလို့ ကလိင်္ဂကျောက်စာလို့လဲ ခေါ်ကြသေးတယ်။ မှတ်သားစရာ တစ်ခုက ကလိင်္ဂတိုင်းထဲမှာ ရေးထိုးထားတဲ့ ကျောက်စာတွေမှာ ကလိင်္ဂစစ်ပွဲအကြောင်း ရေးထားတဲ့ (၁၃) မပါတာပါပဲ။ စဉ်းစားစရာပေါ့နော။ ကလိင်္ဂစစ်ပွဲအကြောင်းတွေကို ကလိင်္ဂတိုင်းမှာ ကျောက်စာရေးထိုးခဲ့မယ်ဆိုရင် နိုင်ငံရေးအရ မိုက်မဲတဲ့ အပြုအမူမျိုး ဖြစ်နိုင်တဲ့အတွက် (၁၃)ကို ချန်ထားခဲ့တာလို့ အသောကသမိုင်း ကျွမ်းကျင်သူတစ်ချို့က ဆိုကြတယ်။ ဒါကြောင့်လဲ အသောကဓမ္မကို ရာဇဓမ္မလို့ ခေါ်ကြတာဖြစ်မယ်။

Kalinga Rock Edict (Dhauli)

ခရီးထွက်ဖို့ ပြင်နေတာ အတော်ကြာပြီ။ ဘယ်မှလဲ မသွားဖြစ်ဘူး။ မသွားနိုင်တာလဲပါတယ်။ ဒီနှစ်ဆောင်းတွင်းတော့ စိတ်ကူးထားတယ်။ အိန္ဒိယတလွှားက အသောကရဲ့ အက္ခရာတွေကို လိုက်လံဖတ်ရှုဖို့ပါ။ တစ်ချို့ကျောက်စာတွေ ရှိတဲ့နေရာကိုတော့ ရောက်ဖူးပြီးပြီ။ နီပေါက “လုမ္ဗိနီ”, အိန္ဒိယက “ဗာရာဏသီ”နဲ့ “ဆန်ချီ”ပါ။ ပါကစ္စတန်ကိုတော့ ဆရာသမားက သွားခိုင်းတာတောင် လုံခြုံရေးစိတ်မချတာနဲ့ ကြောက်လို့ မရောက်ဖြစ်ဘူး။ အဟဲ..Indiana Jonesနဲ့တော့ နင်လားငါလားပေါ့။ နီးနီးနားနားမှာလဲ အသောကကျောက်စာတွေ ရှိပါ့။ ကျောက်စာတိုင်ဆိုရင် အခု နေတဲ့နေရာကနေ နာရီဝက်လောက် လမ်းလျှောက်သွားရင် ရောက်တယ်။ ကျောက်ဆောင်စာရှိတဲ့ နေရာကိုတော့ တစ်နာရီလောက် ကားစီးသွားရင် ရောက်တယ်။ အဲဒီကျောက်စာတွေအကြောင်း နောက်ပိုစ့်တွေမှာ ရေးတာပေါ့။


%d bloggers like this: