Archive for the ‘ပါဠိစကားပြေ’ Category

လက်များနှင့် အတူ

March 31, 2017

with people

နတ္ထိblog ၁၀နှစ်ပြည့် အမှတ်တရ ရွှေစည်းခုံဘုရားကျောက်စာ ပါဠိဘာသာပြန်

ဗဟုဇနာ ပုတ္တဒါရေဟိ မာတာပိတူဟိ ဝိပ္ပဝါသဂတာ၊

တေသံ ဒုက္ခံ နိရုဇ္ဈေယျာမိ။

တေသံ အဿုံ ပုဉ္ဆေယျာမိ။

မေ ဒက္ခိဏဟတ္ထေန အာမိသဘောဇနံ ဒဒေယျာမိ။

မေ ဝါမဟတ္ထေန နိဝါသနပါရုပနံ ဒဒေယျာမိ။

အဿာသေယျ ယထာ မာတာ ဒါရကံ ဥရန္တရေ၊ အဟဉ္စ ရဋ္ဌဇနံ အဿာသေယျာမိ။

ရွှေစည်းခုံကျောက်စာ ဘာသာပြန်

များစွာသော သူတို့သည် သားတကွဲ မယားတကွဲ မိကွဲ ဖကွဲ ဖြစ်ကြရကုန်၏။

ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။

ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့။

ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာကို ပေးအံ့။

ငါ၏ ဝဲလက်ဖြင့် ဝတ်စားတန်ဆာ ပေးအံ့။

အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့။

“Of those torn from their dear ones, if those who were sick at heart, by a course of benefits, with water of compassion, with loving-kindness which is even as a hand, he shall wipe their tears, he shall wash away their snot .

With his right hand rice and bread, with his left hand ornaments and apparel, he shall give to all his people.

Like children resting in their mother’s bosom, so shall the king keep watch over them and help them.”

ဧရာဝတီ၊ ပုဂံပြည်နှင့် မြစေတီပါဠိပုံရိပ်များ

January 26, 2017

myazedi-inscription_pali

ပုဂံရဲ့ အလှအပဟာ လင်းလက်တဲ့ အခါမှ မှောင်မိုက်တဲ့ အခါမှ နေဝင်မှ နေထွက်မှ လသာမှ လမိုက်မှ မိုးရွာမှ နေပူမှ ဖုံထူမှ မြူဆိုင်းမှ တွေ့ရတတ်တဲ့ လင်းရိပ် မှောင်ရိပ် နေရိပ် လရိပ် မိုးရိပ် ဖုံရိပ် မြူရိပ် သစ်ရိပ် ဝါးရိပ် စတဲ စတဲ့ ပုံရိပ်တွေရဲ့ ခမ်းနားထည်ဝါမှု အိုမင်းယိုယွင်းမှု ပုံသဏ္ဍာန်အစုစုနဲ့ ခင်းကျင်းပြသလို့ မဆုံးနိုင်ပါဘူး။

အာရုံနိမိတ်ပုံတွေနဲ့ တကယ့်ကို မျောပါလွင့်မောစရာကောင်းလှတဲ့ ပုဂံရဲ့ အရိပ်အရောင်တွေကြားမှာ တခုတ်တရ ပုံတစ်ရာ စာတစ်လုံး သိမ်းကြုံးဆွဲငင်နေတဲ့ မှတ်သားစရာ အဖွဲ့အနွဲ့တစ်ခုကတော့ မြစေတီကျောက်စာပါ။ ပျူ မွန် မြန်မာ ပါဠိ ဘာသာစကား ၄မျိုးနဲ့ သီကုံးချယ်မှုန်းထားတဲ့ ပုဂံရဲ့ လက်ရေးပုံရိပ်တစ်ခုလို့ ပြောနိုင်တယ်။

ပိဋကတ်မှာ စာတစ်လုံး ဘုရားတစ်ဆူလို့ ဆိုကြတယ်။ မြစေတီကျောက်စာကိုတော့ စာတစ်လုံး နှလုံးတစ်စုံလို့ ဆိုနိုင်မယ်။ ပုဂံရဲ့ ရင်ခုန်သံတွေကို အတိုင်းသား ကြားရစေမယ့် မြစေတီကျောက်စာကို ဖတ်ဖို့ အကြောင်းတိုက်ဆိုင်လာတာ တကယ့်ကို ကံကောင်းခြင်းမင်္ဂလာတပါးပါပဲ။

မြစေတီကျောက်စာ ပါဠိမူကို အေးဆေး ဖတ်ဖို့ အစီအစဉ် ရှိထားတယ်။ ပုဂံပြတိုက်ရှိ ကျောက်စာမူ စာကြောင်းရေ ၄၁ကြောင်း၊ မြစေတီရင်ပြင်ပေါ်ရှိ ကျောက်စာမူ စာကြောင်းရေ ၄၀ကို တစ်လုံးချင်း တပုဒ်ခြင်း တစ်ကြောင်းချင်း ဖတ်သွားဖို့ပါပဲ။ တစ်နေ့ တလံ ပုဂံ ဘယ်ရွေ့ပါ့မလဲ….။

သစ္စာရဲ့ အပွေ့အဖက်

April 27, 2014

call of truth

သတ္တလောကေ မနုဿတ္တဘာဝေါ

ဇရာဗျာဓိမရဏဓမ္မော

အဟော.. သစ္စံ၊

 

တထာပိ တယိ ကာင်္လကတေ

တဝ ဇာတိဘူမိ တုမှာကံ ဘူမိ

ဝေပုလ္လပ္ပတ္တာ ပတိဋ္ဌိတဗ္ဗာ

 

တဝ ကုလဝံသော ဘာသာ

ဝိတ္ထာရိကပ္ပတ္တာ ပတိဋ္ဌိတဗ္ဗာ

 

ယတ္ထ တေ အဉ္ဇလိကမ္မံ ပုညဘာဂေါ

စေတိယံ သစ္စာလောကော

ဉာဏဒီပေါ စ

သြဘာသယံ ပဘာသယံ သံတိဋ္ဌတု

.

သင်သေသွားသော်

ဇော်ဂျီ

 

သြော် – လူ့ပြည်လောက၊ လူ့ဘဝကား

အိုရ နာရ၊ သေရဦးမည်

မှန်ပေသည်တည့်။

 

သို့တပြီးကား၊ သင် သေသွားသော်

သင်ဖွားသောမြေ၊ သင်တို့မြေသည်

အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

 

သင်၏မျိုးသား၊ စာ စကားလည်း

ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။

 

သင် ဦးချ၍၊ အမျှဝေရာ

စေတီသာနှင့်၊ သစ္စာအရောင်

ဉာဏ်တန်ဆောင်လည်း

ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း။

 

အပြာရောင်စိန်ခေါ်သံ

April 21, 2014

call of blue

ဥဏှကာလေ

ဟိမပါတသမယေ

သန္တတ္တော

အတိသီတော

ခုဒ္ဒဂဗ္ဘေ

အနာလောကော အဝါတော

န သူရိယော န စန္ဒော

န မနုေဿာ န ဇနော

နိသိဒါမိ နိသိန္နော၊ အနိသိန္နော သြလောကေမိ

နိပဇ္ဇာမိ နိပန္နော၊ အနိပန္နော စိန္တေမိ

န ပဝတ္တိ န ဂီတံ

န ပါဌော န ကာဗျံ

န ဒေသနာ န သာကစ္ဆာ

အဟောသိကမ္မံ သံသာရော

မမ လောကော အတိခုဒ္ဒကော

ခုဒ္ဒဂဗ္ဘေ စင်္ကမန္တော

အယောဒွါရေ တိဋ္ဌန္တော

တိဋ္ဌံ တိဋ္ဌံ ဒိဝသော ဝီတိနာမိတော

ဟိယျော ဒိဝသော ဝီတိနာမိတော

အဇ္ဇ ဒိဝသော ဝီတိနာမိတော

သွေ ဒိဝသော ဝီတိနာမိတော

ဝီတိနာမိတော ဝီတိနာမိတော ဝီတိနာမိတော

ဝီတိနာမိတဗ္ဗံ ယံ သဗ္ဗံ

ဧကဒိဝသော နု ဝီတိနာမိတဗ္ဗော၊ ဧကဇီဝံ နု ခေပိတံ

ဧကမာသော နု ဝီတိနာမိတဗ္ဗော၊ ဧကဘဝေါ နု ခေပိတော

ဧကသံဝစ္ဆရော နု ဝီတိနာမိတဗ္ဗော၊ ဧကကာလော နု ခေပိတော

န ဒုဗ္ဗလော န မုဒု

ယဒိ နိဃာဋိ၊ ပဟဋာ။ ယဒိ အယောကူဋာ၊ ပဟရဏံ

သစ္စံ အမှာကံ ပက္ခံ

ရဋ္ဌဇနော အမှာကံ ပက္ခော

ကာလစက္ကံ အမှာကံ ပက္ခံ

ဘဂဝါ အမှာကံ ပက္ခော

ဇာနာထ နူန

ပသုယျာနေ ဗျဂ္ဃေါ ဝိယ ပဉ္ဇရေ

အာဝတ္တန္တော

ခေဒံ ဂတောတိ မညန္တိ နူန

ဒုဒ္ဒိဋ္ဌိ၊ ဟသိတုကာမော

အဝေက္ခိတဗ္ဗံ

ဟလိဒ္ဒဝဏ္ဏေ ကာဠရာဇိ

အဝိကောပိတော သုဒိဋ္ဌော

သုဒ္ဓေါ

ပါကဋော

အယဉှိ သူရဗျဂ္ဃေါယေဝ

အဟမ္ပိ

သဒိသောယေဝ

ကျားရဲ

.
နေပြင်းလျှင် နှင်းမှုန်လျှင်

စွေ့စွေ့ခုန် အိုက်လိုအိုက်

ခိုက်ခိုက်တုန် ချမ်းလိုချမ်း

.

အခန်းကျဉ်းကျဉ်း

အလင်းမဝင် .. လေမဝင်

နေမမြင် .. လမမြင်

လူမမြင် .. သူမမြင်မှာ

ထိုင်လျှင်ထိုင် .. မထိုင်လျှင်ငေး

အိပ်လျှင်အိပ် .. မအိပ်လျှင်တွေး

.

သတင်းမေးဖို့ဝေးရော .. သီချင်းလေးမှ မဆိုရ

စာဖတ်ဖို့ ဝေးရော .. ကဗျာလေးမှ မစပ်ရ

တရားဟောဖို့ ဝေးရော .. စကားလေးမှ မပြောရ

.

အဟောသိက .. သံသရာ

ငါ့ကမ္ဘာ ပိစိကွေး

အခန်းကျဉ်းကလေး .. ပတ်လျှောက်လိုက်

သံတခါးဝ .. ရပ်လိုက်

တမတ်တပ်တပ် .. တနေကုန်။

.

မနေ့ ကလည်း .. တနေကုန်

ဒီနေ့ လည်း .. တနေကုန်

မနက်ဖြန်လည်း .. ကုန်အုံးမယ်

ကုန် .. ကုန် .. ကုန် ..

ကုန်ချင်သလောက်ကုန်စမ်း..

တရက်ကုန်မလား .. တသက်ကုန်မလား

တလကုန်မလား .. တဘဝကုန် မလား

တနှစ်ကုန်မလား .. တခေတ်ကုန်မလား

.

အားမလျှော့ဘူး .. မပျော့ဘူး

ပေဖြစ်တော့ခံမယ် .. တုဖြစ်တော့ နှံမယ်

အမှန်တရား .. တို့ဘက်မှာရှိတယ်

ပြည်သူအများ .. တို့ဘက်မှာရှိတယ်

ကာလယန္တား .. တို့ဘက်မှာရှိတယ်

ရှင်တော်ဘုရား .. တို့ဘက်မှာရှိတယ်

သိကြရဲ့လား… ဟား ဟား ဟား ဟား

.

တိရစ္ဆာန်ရုံ က ကျားလို ..

လှောင်အိမ်ထဲမှာ တလွန့်လွန့်နဲ့ 

ကျားညွန့် တုံးတွေ ထင်သလား ..

.

မှားလိုက်တဲ့အမြင် ..

ဟားတိုက်လို့ ရီချင် စရာ။

.

မှတ်ထားဟေ့ ..

အဝါပေါ်မှာ .. အနက်စင်း ..

မပျက်မယွင်း .. ကွက်ကွက်ကွင်း ..

အရှင်းသား မလွဲသ၍

အထင်းသား စွဲသ၍

ကျားရဲဟာ ကျားရဲ

ငါလည်း ..

အဲဒီလိုပဲကွ .. ဟေ့။

ဦးဝင်းတင် (ဟံသာဝတီ)၏ (ထောင်တွင်းမှကဗျာ)

tiger by u win tin

ဝင်းတင်၊ အင်းစိန်အကျဉ်းထောင်၊ ၁၉၉၁

ငါ…ငှက်

August 14, 2013

eye test

အနေကသတသဟဿာလောကသံဝစ္ဆရေ…

ဒူရံ၊  ယော အဟဉ္စ မေ ဘဝေါ စ…အတ္တနာ အတ္တနော အာကဍ္ဎနာ။

အတ္တဝမ္ဘနံ….အတ္တုက္ကံသနံ

အနမတဂ္ဂေ ပထေ မဂ္ဂဒေသကောပိ နတ္ထိ။

ကတ္ထ အဟံ လောကပညတ္တီသု။

အတ္တဝမ္ဘနံ….အတ္တုက္ကံသနံ

 

ယံ မယာ ပတိဋ္ဌာပိတံ….  ဝိဒ္ဓံသိတံ တံ…

ယံ မယာ ပရိစိတံ….  ပရိစ္စဇိတံ တံ…

ယံ မယာ သဉ္ဇာနိတံ… ဝိဿရိတံ တံ…

နေဝ အသ္မိ… န ဇာနာမိ… အတ္တနိယာ ဒေါသာ….

 

ယံ န သဉ္ဇာနာမိ… သော မေ အညတရော…

ယံ န အဝဗုဇ္ဈာမိ… သော မေ အပရန္တော…

ယံ န ပရိစယာမိ… မယိ…

အတ္တဝမ္ဘနံ….အတ္တုက္ကံသနံ

နဿန္တော.ဟံ….. သန္တိကံ နု ခေါ မေ…

ပရိယေသန္တော.ဟံ…. ဒူရံ နု ခေါ မေ…

မမ မေ မဇ္ဈေ ဗျာဝဋော.ဟံ….

 

မနုဿကလာပါနံ အန္တရေ

မေ ဇဝနစိတ္တာနိ ဝိပ္ဖါရိကာနိ

ဧကော အတ္တာ အညံ ပယောဇေတိ

အတ္တဝမ္ဘနံ….အတ္တုက္ကံသနံ

 

ယတ္ထ နိဗ္ဗုတိ…. ဧသနာ အဂ္ဂိက္ခန္ဓေန

မဂ္ဂဂမနပညတ္တီဟိ အဟံ အန္တရော

အတ္တဝမ္ဘနံ….အတ္တုက္ကံသနံ

 

ယံ မယာ ပတိဋ္ဌာပိတံ….  ဝိဒ္ဓံသိတံ တံ…

ယံ မယာ ပရိစိတံ….  ပရိစ္စဇိတံ တံ…

ယံ မယာ သဉ္ဇာနိတံ… ဝိဿရိတံ တံ…

နေဝ အသ္မိ… န ဇာနာမိ… အတ္တနိယာ ဒေါသာ….

 

ယံ န သဉ္ဇာနာမိ… သော မေ အညတရော…

ယံ န အဝဗုဇ္ဈာမိ… သော မေ အပရန္တော…

ယံ န ပရိစယာမိ… မယိ…

အတ္တဝမ္ဘနံ….အတ္တုက္ကံသနံ

နဿန္တော.ဟံ….. သန္တိကံ နု ခေါ မေ…

ပရိယေသန္တော.ဟံ…. ဒူရံ နု ခေါ မေ…

မမ မေ မဇ္ဈေ ဗျာဝဋော.ဟံ….

ငါတရားစီရင်တော်မူခန်း

အလင်းနှစ် သန်းပေါင်းများစွာ…..
ငါ နဲ့ ငါ့ဘ၀ ဝေးကွာ…. အတ္တတစ်ခု နဲ့ အတ္တကို ပြန်မျှား
ငါ့ကို ငါက ရှုံ့ ချ…. ငါ့ကို ငါပဲ အားကျ
အဆုံးအစမသိတဲ့ ခရီးမှာ… လမ်းပြကွန်းပတ်စ်လဲ မပါ
လောကပညတ်များထဲ ငါဘယ်မှာ
ငါ့ကို ငါက ရှုံ့ ချ…. ငါ့ကို ငါပဲ အားကျ

ငါ တည်ဆောက်ခဲ့ရသမျှ …. ပြန်ပြီး ဖြိုချ….
ငါ စုဆောင်းခဲ့ရသမျှ …. ငါ စွန့်လွှတ်လိုက်ရ..
ငါ သိထားခဲ့ရသမျှ… ငါ မေ့ဖို့ ကြိုးစား..
ငါ မရှိ… ငါ မသိ… ငါ ၏ ငါ အမှားများ . . .

ငါ သိပ်မသိသော … ငါ့ရဲ့ နောက်တစ်ယောက်က..
ငါ နားမလည်သော … ငါ့ရဲ့ အခြားတစ်ဖက်က..
ငါ အကျွမ်းမ၀င်သော … ငါ့မှာ …
ငါ့ကို ငါက ရှုံ့ ချ …. ငါ့ကို ငါပဲ အားကျ
ငါ ပျောက်နေဆဲ … ငါ့ရဲ့  အနီးဆုံးလား
ငါ လိုက်ရှာဆဲ … ငါ့ရဲ့  အဝေးဆုံးလား
ငါ နဲ့ ငါ ကြား ဗျာများနေဆဲ … ငါ …

လူ့ ကလာပ်စည်းများ အတွင်းမှာ …
ငါ ဇောစိတ်တို့ တဖျတ်ဖျတ်ခါ
အတ္တတစ်ခုက အတ္တကို စေစား
ငါ့ကို ငါက ရှုံ့ ချ…. ငါ့ကို ငါပဲ အားကျ

မီးများနဲ့ ကင်းဝေးရာ… ငါမီးထွန်းပြီးတော့ လိုက်ရှာ
လာလမ်း ပညတ်များနဲ့ ငါ အလယ်မှာ
ငါ့ကို ငါက ရှုံ့ ချ…. ငါ့ကို ငါပဲ အားကျ

ငါ တည်ဆောက်ခဲ့ရသမျှ …. ပြန်ပြီး ဖြိုချ….
ငါ စုဆောင်းခဲ့ရသမျှ …. ငါ စွန့်လွှတ်လိုက်ရ..
ငါ သိထားခဲ့ရသမျှ… ငါ မေ့ဖို့ ကြိုးစား..
ငါ မရှိ… ငါ မသိ… ငါ ၏ ငါ အမှားများ . . .

ငါ သိပ်မသိသော … ငါ့ရဲ့ နောက်တစ်ယောက်က..
ငါ နားမလည်သော … ငါ့ရဲ့ အခြားတစ်ဖက်က..
ငါ အကျွမ်းမ၀င်သော … ငါ့မှာ …
ငါ့ကို ငါက ရှုံ့ ချ …. ငါ့ကို ငါပဲ အားကျ
ငါ ပျောက်နေဆဲ … ငါ့ရဲ့  အနီးဆုံးလား
ငါ လိုက်ရှာဆဲ … ငါ့ရဲ့  အဝေးဆုံးလား
ငါ နဲ့ ငါ ကြား ဗျာများနေဆဲ … ငါ …

ငါ တည်ဆောက်ခဲ့ရသမျှ …. ပြန်ပြီး ဖြိုချ….
ငါ စုဆောင်းခဲ့ရသမျှ …. ငါ စွန့်လွှတ်လိုက်ရ..
ငါ သိထားခဲ့ရသမျှ… ငါ မေ့ဖို့ ကြိုးစား..
ငါ မရှိ… ငါ မသိ… ငါ ၏ ငါ အမှားများ . . .

ငါ သိပ်မသိသော … ငါ့ရဲ့ နောက်တစ်ယောက်က..
ငါ နားမလည်သော … ငါ့ရဲ့ အခြားတစ်ဖက်က..
ငါ အကျွမ်းမ၀င်သော … ငါ့မှာ …
ငါ့ကို ငါက ရှုံ့ ချ …. ငါ့ကို ငါပဲ အားကျ
ငါ ပျောက်နေဆဲ … ငါ့ရဲ့  အနီးဆုံးလား
ငါ လိုက်ရှာဆဲ … ငါ့ရဲ့  အဝေးဆုံးလား
ငါ နဲ့ ငါ ကြား ဗျာများနေဆဲ … ငါ …

ငါ သိပ်မသိသော … ငါ့ရဲ့ နောက်တစ်ယောက်က..
ငါ နားမလည်သော … ငါ့ရဲ့ အခြားတစ်ဖက်က..
ငါ အကျွမ်းမ၀င်သော … ငါ့မှာ …
ငါ့ကို ငါက ရှုံ့ ချ …. ငါ့ကို ငါပဲ အားကျ
ငါ ပျောက်နေဆဲ … ငါ့ရဲ့  အနီးဆုံးလား
ငါ လိုက်ရှာဆဲ … ငါ့ရဲ့  အဝေးဆုံးလား
ငါ နဲ့ ငါ ကြား ဗျာများနေဆဲ … ငါ …

မုန်းစကားမဆိုတဲ့ မိမိMal

July 13, 2013

reader

ဂန္ထပရိယာပုဏနလေသေန

ယေ မံ ဇီဝိတာ ဝေါရောပေတုံ အာရဘန္တိ။

တထာပိ နာဟံ အကုဒ္ဓါ တေသု။

သုသုခံ ဝတ ဇီဝိတုကာမာ

ပညာပရိဟာနိံ ပန ဘီတာ.မှိ။

စာဖတ်လို့

အသေသတ်ပေမယ့်

မကျေမနပ် မဖြစ်ပါဘူး

အနေတတ်ချင်တဲ့ ငါ

ပညာငတ်မှာပဲ စိုးရိမ်တယ်…။

inspiration >>> Malala’s speech

အမိုက်လမ်း

July 7, 2013

way in dark

အန္ဓဿ မဂ္ဂေါ အန္ဓကာရော။

ကန်းမမြင် လမ်းမမြင်။

တစ်ကောင်တစ်လေ

July 4, 2013

so far away

ဥပ္ပတိတုကာမောပိ။

နာဟံ ပက္ခီ။

ဌိတော အဿုမုခေါ။

ဒုက္ကရံ ဂေဟံ ပစ္စာဂန္တုံ။

ပျံချင်တယ်ဆိုမှ တောင်ပံက မပါ…

မတ်တပ်ရပ်လို့ လမ်းမှာငို…

 အိမ်ပြန်ဖို့ မရေရာ…။

.

*** မဇ္ဈိမဒေသရောက် ၈နှစ်ပြည့် အမှတ်တရ

နဝေတိမ်တောင်

June 30, 2013

cloud of confusion

ယော ကောစိ မေတ္တာဝိဟာရိကော။

ဥမ္မတ္တသုနခေါ ပနဿ န သဒ္ဓိဝိဟာရိကော။

သော ဟိ အနုမ္မတ္တကော။

မေတ္တာနဲ့ နေပေမယ့်

ခွေးရူးနဲ့ နေနိုင်လောက်အောင်

မရူးသေးပါဘူး။

တစ်စိတ်တစ်ပိုင်း

June 3, 2013

root

ဗဟုကေဟိ နု ခေါ၊

အပ္ပကေဟိ နု ခေါ၊

ဧကကော နု ခေါ၊

ဧကီဘူတော နု ခေါ၊

ဗဟုကေဟိ ဘေဒေါ၊

အပ္ပကေဟိ ဗလော၊

ဧကကေန အညော၊

ဧကီဘူတေန ဌိတော၊

ဗဟုကာနံ ဧကကဿာပိ သင်္ဂါမော၊

ဒုဗ္ဗလပက္ခေ ဟိ ပရာဇယော။

.

ဧကတော ဂတော နု ခေါ၊

ဧကတော ဝိဿမော နု ခေါ၊

အပဝတ္တော နု ခေါ၊

ဧကီဘူတော နု ခေါ၊

ဧကေကေန စရော၊

သမူဟေန ထာမော၊

ဧကကေန အညော၊

ဧကီဘူတေန ဌိတော၊

ဟေတုဝိပါကာ ယုဂနဒ္ဓါ။

ကလျာဏပါပကာ ပဋိပက္ခာ။


%d bloggers like this: