လောကီသား (recap)

father and son

၁၆နှစ် ရှိခဲ့ပြီ။ ဒီဂါထာအပိုင်းအစလေး ရေးခဲ့တာ ၁၆နှစ်ရှိခဲ့ပြီ။ ၁၉၉၈ခုနှစ်World Cupရယ် Father’s Dayရယ် ၂ခုပေါင်းဆုံတဲ့အခိုက် ရေးဖြစ်ခဲ့တာ။ ပါဠိစာပေမှာ ဣန္ဒဝဇီရဂါထာမျိုးက တစ်ပါဒမှာ အက္ခရာ၁၁လုံးစီ ပါတယ်။ ဒါကို ဘောလုံး၂သင်း အနေအထားရအောင် ၂ပါဒပဲ ရေးဖြစ်တယ်။ အနီအသင်းနဲ့ အနက်အသင်း ၂သင်း။ ပုံထဲမှာ အနက်အသင်းက အနီအသင်းဘက်မှာ Free Kickကန်နေတဲ့ ပုံစံလေး ဖော်ထားတယ်။ လွန်ခဲ့တဲ့ ၁၆နှစ်တုန်းကတော့ လက်နဲ့ ပုံစံဆွဲတာ။ ခုတော့ ဘောလုံးကွင်းlayoutကို onlineပေါ်က ရှာယူပြီးတော့ စာလုံးလေးတွေ နေရာချထားလိုက်တာပဲ။

father and son match

ပုတ္တဿ ဇီဝံ စဇိ ဗိမ္ဗိသာရော၊

ပုတ္တော နု တာဒိဿ ဝဓတ္ထိကော သော။

.

ဗိမ္ဗိသာရသည် အဇာတသတ်အတွက် အသက်စွန့်ခဲ့ပြီးသားပါ။

ဒီသားက ဒီအဖေ့ကိုမှ အသေသတ်ချင်သတဲ့။

.

အခု ၂၀၁၄ World Cupနဲ့ Father’s Dayကြုံလာပြန်တော့မှ ဒီဂါထာလေးကို သတိရမိတယ်။ ၁၉၉၈မှာ ဒီဂါထာလေးကို ရေးခဲ့စဉ် ဖခင်တစ်ယောက်အပေါ် ထားခဲ့တဲ့ သဘောထားက အခု ၂၀၁၄ရောက်တော့ အပြောင်းအလဲ ဖြစ်မသွားပါဘူး။ တစ်ခုပဲ ထူးခြားတယ်။ ရေမြေခြားနေတဲ့ ဖခင်နဲ့ ဘဝခြားသွားတာပါပဲ။ ဒါကို သိလိုက်ရတဲ့ အချိန်မှာလဲ ထိထိခိုက်ခိုက် မခံစားဖြစ်ခဲ့ဘူး။ ဝေးကွာနေခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီမို့ ဝေးသထက်ပိုဝေးသွားတာလို့ပဲ မြင်မိတယ်။ သိတတ်တဲ့ အရွယ်ရောက်ကထဲက နီးဖို့အကြောင်း မမြင်ခဲ့လို့ ဝေးဝေးကနေလဲ မလွမ်းဖြစ်ခဲ့ဘူး။ ဘာကြောင့် ဝေးခဲ့ရ ဘယ်လို ဝေးခဲ့ရတာတွေနဲ့ ပတ်သက်လို့ ဖခင်အပေါ် စွဲစွဲနစ်နစ် အတွေးအမြင်တွေ မထားခဲ့ဘူး။ ကိုယ့်ကိုကိုယ်လဲ စူးစူးနစ်နစ် အငိုအကြွေးတွေ မရှိခဲ့ဘူး။ လောကသဘာဝ တွေ့ကြုံဆုံကွဲ ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ခဲ့တယ်။

တစ်ဦးနဲ့တစ်ဦး တွေ့ခိုက်ဆုံခိုက် စိတ်ရောကိုယ်ပါ မထိခိုက်မိစေဖို့ နမူနာယူစရာ အကြောင်းအရာတွေထဲမှာ အပီပြင်ဆုံး လူသိအများဆုံးဖြစ်တဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ကို အဖေနဲ့ ပတ်သက်လာရင် အမြဲ သတိရလာတတ်တယ်။ ဗိမ္ဗိသာရနဲ့ အဇာတသတ်ပါ။ ဒါကို အာရုံယူပြီး ဒီဂါထာ အပိုင်းအစလေးကို ရေးဖြစ်ခဲ့တယ်။ ဂါထာရဲ့ ပထမပါဒက ဗိမ္ဗိသာရရဲ့ အနီအသင်း၊ ဒုတိယပါဒက အဇာတသတ်ရဲ့ အနက်အသင်း။ အနိုင်အရှုံး ပွဲရလာဒ်ကတော့ လူတိုင်း သိနေတာပဲ။ ရာဇဝင်တွင်တဲ့ သားအဖတစ်တွေရဲ့ အခင်းအကျင်းကို ဘောလုံးကွင်းထဲ ဆွဲခေါ်မိတဲ့ အကြောင်းက ပါဠိကဗျာဖွဲ့သီမှုကို နှစ်သက်စွဲလမ်းမိသူတစ်ယောက်ရဲ့ နေရာတကာ ပါဝင်ဆတ်ဆော့ချင်တဲ့ စိတ်ကူးစိတ်သန်းကြောင့်လို့ ဆိုချင်ပါတယ်။

၂၀၀၈တုန်းက ဒီဂါထာကို blogပေါ် တင်ဖြစ်ပြီး လောကီသား…လို့ အမည်ပေးထားခဲ့တယ်။ ၂၀၁၄မှာ recapပေါ့။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: