Blogအက္ခရသညာတော (၃)

3108

ပါဠိစာပေ၏ အခန်းကဏ္ဍသည် Blogဖြစ်တည်မှုတွင် ဘယ်သို့ဘယ်ပုံ သက်ရောက်နေသနည်း။ Blogဦးအစ ပဏာမတွင် နမော တဿဖြင့် စတင်လေ့မရှိသည်မှာ သေချာသည်။ ခေတ်ရေစီးကြောင်းတွင် ပါဠိစာပေ နေရာမရသည်မှာ ထင်ရှားနေသည်ဖြစ်၍ ပါဠိစာပေနှင့် အကျွမ်းတဝင်ဖြစ်သူတို့ပင် ပိဋကတ်တော်လာသည့်အတိုင်း ဗုဒ္ဓဒေသနာဖြစ်သည့် တရားဓမ္မကို ညွှန်ပြသည့်နေရာမှသာ ပါဠိဝေါဟာရများကို အသုံးပြုသည်ကို တွေ့ရသည်။ ဤသို့  ပါဠိပါဌ်သားများကို မြင်ရတွေ့ရသည့်အခါ မရင်းနှီးမကျွမ်းဝင်သူတို့အဖို့ ပျင်းရိဖွယ်ကောင်းသည့် အနေအထားကို ခံစားမိတတ်ကြသည်။ နားလည်ပေးသင့်သည့် အနေအထား တစ်ရပ်ဖြစ်သည်။ လူအများ နားလည်နိုင်မည့် ဘာသာစကားကို အသုံးပြုမှသာ အကျိုးများစရာ အကြောင်းရှိသည်။ သို့သော် မည်သည့် နေရာတွင် ပါဠိစကားလုံးများ အသုံးပြုနိုင်မည်နည်း။ ပါဠိစာပေ ပေါက်ကွဲပျံ့ပွားရေးအတွက် Blogသည် ရာစုသစ်တွင် သင့်တော်သည့် platformတစ်ခု ဖြစ်နိုင်ပါသလား။

မြန်မာအက္ခရာဖြင့် ရေးဖွဲ့နေသည့် Blogများတွင်လည်း မြန်မာ့ရနံ့များ ဆွတ်ပျံ့နေသည်မှာ အဆန်းမဟုတ်။ ဤသည်ပင် အရသာတစ်မျိုးဖြစ်သည်။ မြန်မာစာ မြန်မာစကားဖြင့် ဖွဲ့သီထားသော Blogများသည် ပြည်တွင်းပြည်ပ နေရာအနှံ့မှ ဖန်တီးနေကြသော်လည်း မြန်မာပြည်မှာ လုပ်သည်ဟူ၍ ပြောစရာမလိုလောက်အောင် မြန်မာဆန်နေသည်ကို တွေ့ရသည်။ အချက်အလက် အကြောင်းအရာများကား စုံလွန်းလှသည်။ “က”မှ “အ”အထိ  အကုန် ရှိသည်။ ပယောဂလည်း အလွန် များသည်။ ကံကောင်းထောက်မစွာဖြင့် ပါဠိသက်ဝေါဟာရများနှင့် ၎င်းတို့၏ ဆက်နွယ်မှုများကို Blogများပေါ်တွင် အကြောင်းညီညွတ်လျှင် တွေ့ကြုံရတတ်သည်။ ဤမျှနှင့် လုံလောက်သည့် အနေအထားရောက်ပြီဟုပင် ဆိုနိုင်သည်။ မြန်မာစာပေထဲတွင် ပါဠိဝေါဟာရများ တနည်းမဟုတ် တနည်း စိမ့်ဝင်ပျံ့နှံ့နေခြင်းသည် ပါဠိစာပေ၏ ဗဟိုချက်ဖြစ်သည့် ပိဋကတ်တော်လာ အသုံးအနှုံးများ နေရာရလာခြင်းဖြစ်သည်ဟု မှတ်ယူနိုင်သည်။

နတ္ထိ၏ Blogသည် ပိဋကတ်တော်လာ ပါဠိစာပေကို အခြေခံသည့် ပါဠိဝေါဟာရများကို အသုံးပြု၍ ဖွဲ့သီထားသည့် စာတိုပေစ ကဗျာတိုဂါထာစ ပုံတိုပါဌ်စများကို အများအားဖြင့် ခင်းကျင်းပြသထားသည့် နေရာတစ်ခုဖြစ်သည်။ ပါဠိဝေါဟာရအပိုင်းအစများ များစွာ တွေ့နိုင်သော်လည်း ဗုဒ္ဓဒေသနာတော်ကို စုစည်းထားသည့် ပိဋကတ်တော်နှင့် မသက်ဆိုင်သော အကြောင်းအရာများ ဖြစ်နေသည်ကိုလည်း တွေ့ရမည်။ ပေါကြောင်ရူးသွပ် ကြေကွဲပေါက်ပြဲ စသည့်စသည့် ငယ်နုစဉ်ကာလ အလွဲအမှား သဘောတရားများဖြင့် ရောပြွမ်းနေသည့်အတွက် သန္တိရသကို ပေးစွမ်းနိုင်မည့် အခြေအနေတစ်ရပ်ကို မြင်ရတွေ့ရလိမ့်မည်မဟုတ်။ ရင့်ကျက်သူတို့ (သို့မဟုတ်) ရင့်ကျက်သည့်အခါ သံဝေဂယူနိုင်မည့် အနေအထားတစ်ရပ်သို့ ရောက်ရှိရရှိခဲ့လျှင် ကံကောင်းသည်ဟုပင် ဆိုရပေမည်။ သံသရာခရီးကား ရှည်လျားလှ၏။ လမ်းခုလတ်တွင် ကြုံရဆုံရသည့် Blogသည် ဝေါဟာရတို့ စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းတစ်ခု ဖြစ်ပါစေတော့…။

3108နေ့ အမှတ်တရ သီချင်းတစ်ပုဒ် ပါဠိဘာသာပြန်ဖြစ်သည်။ What A Wonderful Worldပါ။ မြင်ရမမြင်ရသော bloggerများ ငြိမ်းအေးစေကြောင်း ဆုမွန်ကောင်း ပို့သလျှက်…

ပဿာမ.ဟံ ရုက္ခာနိ ဟရိတာနိ၊ ပါဋလာပိ ရတ္တာ၊

ပဿာမ.ဟံ တေ ဝိကသိတေ၊ မမတ္ထာယ စ တဝ၊

အထာ.ဟံ စိန္တေမိ သယံ၊

အဗ္ဘုတော ဝတ လောကော။

ပဿာမ.ဟံ အာကာသံ နီလဝဏ္ဏံ၊ ဝလာဟကေ သြဒါတဝဏ္ဏေ၊

ပဘာသော ထုနာတိ ဒိဝံ၊ အန္ဓကာရော ပူဇေတိ ရတ္တိံ၊

အထာ.ဟံ စိန္တေမိ သယံ၊

အဗ္ဘုတော ဝတ လောကော။

ဣန္ဒဓနုယာ ဝဏ္ဏာ၊ ဒဿနီယာ အာကာသေ၊

တထာပိ မုခေသု ဇနာနံ ပဋိပန္နာနံ၊

ပဿာမ.ဟံ သဟာယေ သာဒရံ သမ္ပဋိစ္ဆန္တေ၊ အာလပန္တေ၊ ကစ္စိ ခမနီယံ၊

တေ ဟိ ဘာသန္တိ၊ အဟံ ပိယယာမိ တုဝံ၊

အဟံ သုဏာမိ ဒါရကေ ရောဒန္တေ၊ အဝေက္ခာမိ တေ ဝုဒ္ဓိပ္ပတ္တေ၊

တေ ဥဂ္ဂဏှိဿန္တိ အတိရေကတရံ၊ ယမ္ပိ မယာ ဝိညာတံ၊

အထာ.ဟံ စိန္တေမိ သယံ၊

အဗ္ဘုတော ဝတ လောကော။

အဟော စိန္တေမိ သယံ၊

အဗ္ဘုတော ဝတ လောကော။

အဟော ဝတ…။

“What A Wonderful World”

I see trees of green, red roses too
I see them bloom, for me and you
And I think to myself
What a wonderful world

I see skies of blue, and clouds of white
The bright blessed day, dark sacred night
And I think to myself
What a wonderful world

The colors of the rainbow, so pretty in the sky
Are also on the faces, of people going by
I see friends shaking hands, sayin’, “How do you do?”
They’re really sayin’, “I love you”

I hear babies cryin’, I watch them grow
They’ll learn much more, than I’ll ever know
And I think to myself
What a wonderful world

Yes, I think to myself
What a wonderful world
Oh yeah..

အပိုင်းအစများ>>>

blogအက္ခရသညာတော (၂)

blogအက္ခရသညာတော (၁)

8 Responses to “Blogအက္ခရသညာတော (၃)”

  1. kothu Says:

    လယ်ယာမြေက တယ်ကောင်းသကိုး
    အားပေးနေပါတယ်

  2. သက်ဝေ Says:

    ကိုနတ်… ဒီနေ့နဲ့ တကယ် လိုက်ဖက်တဲ့ သီချင်း…
    အိမ်က other half က ဒီသီချင်းကို မကြာခဏ ဆိုနေကျ…
    ပြီးတော့ မြို့လယ်က ရေပန်းအက ကတဲ့နေရာမှာ ညစဉ် ညတိုင်း ဖွင့်နေကျ…
    What a wonderful world… ခပ်တိုးတိုး လိုက်ဆိုသွားတယ်…
    Happy Blog Day ပါ…

    • နတ္ထိ Says:

      bloggerတွေရဲ့ နွေးထွေးမှုဟာ virtual worldကို wonderful worldဖြစ်စေတယ်ဗျာ…What a wonderful world…oh…yeah 🙂

  3. Ashin Janaka Says:

    အက္ခရာပါဒယော ဘလော့သတသဟဿံ။း)

    ဆရာနတ်တို့ကတော့ တစ်ခေတ်မှာ တစ်ယောက် ဆိုသလို ပါဠိဂီတမိဿကဂုရုကွေးကြီးပါဘဲ။း)

    • နတ္ထိ Says:

      ဘလော့သတသဟဿတဲ့လား။ လှပါပေ့။
      ဂီတမိဿကတွေ သီကုံးဖွဲ့နွဲ့ဖြစ်တာ သုဗောဓာလင်္ကာရကျမ်းရဲ့ ဖျားယောင်းသွေးဆောင်မှုကြောင့်လို့ ထင်မိတာပဲဘုရား။

  4. Teresa Says:

    မင်္ဂလာပါ!

    ရံဖန်ရံခါ silent reader အဖြစ်နဲ့ ပြန်သွားပေမယ့် ဒီတခါတော့ ခြေရာလေး ချန်ခဲ့ပါတယ် ကိုနတ္ထိ 🙂

Leave a reply to kothu Cancel reply