အသောကရဲ့ အက္ခရာများ-၁၃ (အပိုင်း-၂)

ဒေ၀ါနံ ပိယသ ယံ အထိ အနုသောစနံ။
အသောကဘုရင်ကတော့ ကလိင်္ဂစစ်ပွဲကို အောင်နိုင်ပြီးတဲ့အခါ နောင်တရပါတယ်တဲ့။

နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီးသည် အဘိသိက်ခံပြီး ရှစ်နှစ်မြောက်၌ ကလိင်္ဂတိုင်းကို အောင်မြင်တော်မူ၏။ ထိုသို့ အောင်မြင်ရာ၌ လူပေါင်း တသိန်းငါးသောင်းတို့ အကျဉ်းဆောင်ယူခံရ၍ တသိန်းအသတ်ခံရပြီးလျှင် ထို့ထက်အဆပေါင်းများစွာသော သူတို့ သေကြေပျက်စီးကြကုန်၏။
ကလိင်္ဂတိုင်းကို သိမ်းယူပြီးသည်၏ နောက်၌ နတ်တို့ ချစ်မြတ်နိုးသော မင်းကြီးသည် တရားညွှန်ပြခြင်း၌၎င်း တရားကို ခုံမင်နှစ်သက်ခြင်း၌၎င်း တရားသွန်သင်ဆုန်းမခြင်း၌၎င်း ထက်သန်လျက်ရှိချေပြီ။
ကလိင်္ဂတိုင်းကို အောင်မြင်တော်မူပြီးသော နတ်တို့ချစ်မြတ်နိုးသော မင်းကြီးသည် ယခု နောင်တရတော်မူလပြီ၊ လူတို့ အသတ်ခံရခြင်း သေကြေပျက်စီးခြင်း၊ အကျဉ်းဆောင်ယူခံရခြင်းဖြင့် ရအပ်သော အောင်ခြင်းသည် စင်စစ် အောင်ခြင်းမမည်။ ဤသို့ အောင်ရသည်အတွက် နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး လွန်စွာ ၀မ်းနည်း ကြေကွဲဝန်လေးတော်မူသည်။
နတ်တို့ ချစ်မြတ်နိုးသော မင်းကြီးအဖို့ ထို့ထက်ဝန်လေးသော အချက်သည်ကား ထိုကလိင်္ဂတိုင်း၌ ပုဏ္ဏားတို့သည်၎င်း ရဟန်းတို့သည်၎င်း အခြားအယူဂိုဏ်းသားတို့သည်၎င်း အိမ်ရာထောင်သူတို့သည်၎င်း နေကြကုန်၏။ ထိုသူတို့၌ သက်ကြီး ၀ါကြီး အမိအဖ ဆရာသ္မား မိတ်ဆွေ အပေါင်းအဖော် အသိအကျွမ်း ဆွေမျိုး ကျေးကျွန်အစေခံတို့အား ကောင်းစွာ ပြုစုထောက်ပံ့ရမည့် ၀တ္တရားများ တရားတော်၌ တည်မြဲစွာ ကြည်ညိုဆည်းကပ်ရမည့် ၀တ္တရာများ ရှိကြကုန်၏။ ထိုသူတို့သည် ဒဏ်အနာတရာပြုခြင်းကို၎င်း သတ်ဖြတ်ခြင်းကို၎င်း လွန်စွာ ချစ်ခင်သူတို့နှင့် ကွေကွင်းရခြင်းကို၎င်း ခံကြရ၏။ စစ်ဘေးစစ်ဒဏ်ကို ခံရသော ၎င်းတို့၏ မိတ်ဆွေ အပေါင်းအဖော် အသိအကျွမ်း ဆွေမျိုးတို့သည်လည်း ၎င်းတို့အပေါ်၌ မေတ္တာ မကင်းပြတ်သေးပဲ သေကြေပျက်စီးခြင်းသို့ ရောက်ကြရကုန်၏။ တတိုင်းပြည်လုံး ဤသို့လျှင် ပျက်စီးဆုံးရှုံးကြကုန်၏။ ဤသို့ ခပ်သိမ်းသော သူတို့ ခံကြရသည့်အတွက် နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး ၀န်လေးတော်မူ၏။
မရေတွက်နိုင်သော လူသျှင် ဂိုဏ်း အစည်းအရုံးမရှိသော တိုင်းနိုင်ငံဟူ၍ (ကပ္ပါ၌) မရှိ။ ယောနတိုင်း၌ပင်လျှင် ရဟန်းပုဏ္ဏား မရှိသည်မဟုတ်။ မည်သည့်တိုင်းနိုင်ငံ၌မျှလည်း လူတို့သည် တခုတည်းသော ဂိုဏ်း၌ တလုံးတစည်းတည်း ကြည်ညိုကိုးကွယ်ကြသည်ဟူ၍ မရှိ။
ကလိင်္ဂတိုင်းကို အောင်ရာ၌ အသတ်ခံရ သေရ အကျဉ်းဆောင်ယူခံရသော လူအပေါင်းတို့၏ အပုံတရာပုံ၍ တပုံ အပုံတစ်ထောင်ပုံ၍ တပုံမျှသော သူတို့အတွက်ပင် ဒေ၀ါနံ ပိယမင်းကြီးသည် ယခု သည်းစွာ နောင်တရတော်မူလေပြီ။ မိမိအား ပြစ်မှားသူကိုပင် သည်းခံနိုင်သလောက် သီးခံသင့်သည်ဟု နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး အောက်မေ့တော်မူ၏။
နတ်တို့ချစ်မြတ်နိုးသော မင်းကြီးသည် နိုင်ငံတော်အတွင်းရှိ တောသူတောင်သားတို့အား မိမိနောင်တရလျက်နေသော်လည်း (နှိပ်ကွန်ရန်ရှိက နှိပ်ကွပ်နိုင်သော) တန်ခိုး မိမိ၌ ရှိသေးကြောင်းကို မိန့်ကြားပြီးသော် ၎င်းတို့အား ဖျောင်းဖျ၍ တရားတော်၌ သက်ဝက်ယုံကြည်စေ၏။ အဘယ်ကြောင့် ဤသို့ ဆောင်ရွက်တော်မူသနည်းဆိုသော် ထိုသူတို့သည် (မကောင်းမှုမှ) ရှက်၍ သတ်ဖြတ်ဖျက်ဆီးခြင်း မခံကြရစေရန် ဖြစ်၏။ သတ္တ၀ါအပေါင်းတို့သည် မငြိုမငြင် ကိုနှုတ်နှလုံး စောင့်စည်းကာ သင့်တင့်ညီညွတ်လျက် ပျော်ရွှင်စွာ နေထိုင်ကြစေရန် နတ်တို့ ချစ်မြတ်နိုသော မင်းကြီး အလိုရှိတော်မူ၏။
နတ်တို့ ချစ်မြတ်နိုးသော မင်းကြီးသည် တရားတော်၏ အောင်ခြင်းကို အမြတ်ဆုံးသော အောင်ခြင်းဟု မှတ်ထင်တော်မူ၏။ ဤတရားတော်၏ အောင်ခြင်းကိုလည်း နတ်တို့ချစ်မြတ်နိုးသော မင်းကြီး အကြိမ်ကြိမ် ရတော်မူလေပြီ။ မိမိနိုင်ငံတော် အစွန်အဖျားတို့၌၎င်း ယူဇနာရှစ်ရာမျှ ကွာဝေးသော အန္တိယောဂခေါ် ယောနမင်း၏ နိုင်ငံ၌၎င်း ထိုအန္တိယောဂမင်းပိုင် နိုင်ငံ၏ အခြားဖက်ရှိ တုလမယ(တောလမီ) အန္တိကောန မဂ အလိက သုန္ဒရအမည်တော်ရှိသော မင်းလေးပါးတို့၏ နိုင်ငံတော်တို့၌၎င်း နိုင်ငံတော်၏ အောက်ဖက်(တောင်ဖက်) စောဍ (စောဠ) ပန္ဒ တမ္ဗပဏ္ဏိတိုင်းတို့၌၎င်း နိုင်ငံတော်အတွင်း ယောန ကမ္ဗောဇ နာဘက နာဘပန္တိ ဘောဇ ပိတနိက အန္ဓြ ပုလိန္ဒတိုင်းတို့၌၎င်း တရားတော်၏ အောင်ခြင်းကို ရလေပြီ။ ထိုတိုင်းနိုင်ငံခပ်သိမ်းတို့၌ (လူတို့သည်) နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး၏ တရားအဆုန်းအမ၌ တည်ကြကုန်၏။
နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး၏ တန်မန်တော်တို့ မရောက်သော တိုင်းနိုင်ငံတို့၌ပင် နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး၏ တရားကျင့်သုံးဆောက်တည်ပုံ စီမံခန့်ခွဲပုံ တရားတော်၌ သွန်သင်ဆုန်းမပုံတို့ကို ကြားရသဖြင့် တရားတော်ကို လိုက်နာကြကုန်၏၊ လိုက်နာကြကုန်လတံ့။
ဤသို့သော နည်းဖြင့် ရအပ်သော အောင်ခြင်းသည် ခပ်သိမ်းသော အရပ်တို့၌ နှစ်သက်ဝမ်းမြောက်ခြင်းကို ဖြစ်စေ၏။ ထိုနှစ်သက်ခြင်းသည် တရားတော်၏ အောင်ခြင်းဖြင့် ရရှိရကား ခိုင်မြဲချေ၏။ ဤနှစ်သက်ခြင်းပင် အကျိုးမများလှသေး။ နတ်တို့ ချစ်မြတ်နိုးသော မင်းကြီးသည်ကား တမနွန်လောက၏ အကျိုးကိုသာ ကြီးကျယ်မြင့်မြတ်၏ဟု မှတ်ထင်တော်မူ၏။
ဤအကျိုးငှာ ဤတရားကဗျည်းကို ရေးထိုးစေ၏။ ငါ၏ အသစ်ဖြစ်သော (တိုင်းနိုင်ငံ) အောင်ခြင်းတို့ကို ကြားရသဖြင့် ငါ၏ သားတော် မြေးတော်တို့သည် (ဤကဲ့သို့သော) အောင်ခြင်းတို့ကို တိုးတက်ရယူသင့်သည်ဟု မမှတ်ထင်ရာ။ လေးမြှားတို့ကို ပစ်လွှင့်၍ အောင်ရစေကာမူ သီးခံခြင်း သက်ညှာခြင်း (ပေါ့သော ဒဏ်ကို ပေးခြင်း) ဖြင့် ရောင့်ရဲရာသည်။ သို့ရာတွင် တရားတော်၏ အောင်ခြင်းကိုသာ စင်စစ် အောင်ခြင်းဟု မှတ်စွဲရာ၏။ ဤအောင်ခြင်းသည်သာ မျက်မှောက်လောက တမနွန်လောကအဖို့ ဖြစ်၏။
ခပ်သိမ်းသော သူတို့သည် အားထုတ်ခြင်း ချမ်းသာ၌ ကောင်းစွာ မွေ့လျော်ကြစေကုန်သတည်း။ ဤသည်သာ မျက်မှောက်လောက တမနွန်လောကအဖို့ စင်စစ်ဖြစ်၏။
(အသောကကျောက်စာများ-ဦးဖိုးလတ်)

By His Sacred and Gracious Majesty consecrated eight years was Kalinga conquered. One hundred and fifty thousand in number were those carried off from there, a hundred thousand in number were those who were slain there, and many times as many those who were dead. Thereafter, now, the Kalingas being annexed, became intense l His Sacred Majesty’s observance of Dharma, love of Dharma, and his preaching of the Dharma. There was the remorse of His Sacred Majesty having conquered the Kalingas. For where an independent country is forcibly reduced, that there are slaughter, death, and deportation of people has been considered very painful and deplorable by His Sacred Majesty. But this is considered even more grievous by His Sacred Majesty in as much as there dwell
Brahmana and Sramana ascetics, or followers of other sects, or householders, among whom are established (the following virtues), viz., obedience to elders, to parents, and preceptors, proper conduct towards friends, companions, supporters and relatives, servants and dependents and steadfastness of devotion, whom befalls there injury or slaughter or removal of their loved ones.

Or, if there are then incurring misfortune 10 the friends, acquaintances, helpmates, and relations of those whose affection (for them) is unabated, this becomes the affliction of them, too, though they are (themselves) well provided for. Thus these (ills) are of all men in equal shares but felt most by His Sacred Majesty. [There is, again, no country where do not exist these classes, viz., Brahmana and Sramana ascetics, except among the Yonas. ] There is no (place) in any country where there is not a faith of people in one or other of the sects.
Therefore, even a hundredth or the thousandth part of all those people who were wounded, slain, or carried off captives, in Kalinga, would now be considered grievous by His Sacred Majesty. Nay, even if any one does mischief, what can be forgiven is considered as fit to be forgiven by His Sacred Majesty. Even those forest peoples l who have come under the dominions of His Sacred Majesty even these he seeks to win over to his way of life and thought. And it is said unto them how even in his repentance is the might of His Sacred Majesty, so that they may be ashamed (of their crimes) and may not be killed. Indeed, His Sacred Majesty desires towards all living beings freedom from harm, restraint of passions, impartiality and cheerfulness.
And what is Dharma-vijaya? moral conquest, is considered by His Sacred Majesty the principal conquest. And this has been repeatedly won by His Sacred Majesty both here (in his dominions) and among all the frontier peoples even to the extent of six hundred yojanas where (are) the Yona king, Antiochos by name, and, beyond that Antio-chos, the four kings named Ptolemy, Antigonos, Magas and Alexander x ; below, the Cholas, Pandyas, as far as Tamraparni. Likewise, here in the king’s dominion, among the Yonas l and Kambojas, among the Nabhakas and Nabhitis, (Nabhapamtis in K.), among Pitinikas, among the Andhras and Palidas, everywhere are (people) following the religious injunction of His Sacred Majesty. Even those to whom the envoys of His Sacred Majesty do not go, having heard of His Sacred Majesty’s practice, ordinances, and injunctions of Dharma, themselves follow, and will follow, the Dharma. The conquest that by this is won everywhere, that conquest, again, everywhere is productive of a feeling of Love. Love is won in moral conquests. That love may be, indeed, slight, but His Sacred Majesty considers it productive of great fruit, indeed, in the world beyond.
For this purpose has this religious edict been incited that my sons and great- grandsons that may be, should not think that a new conquest ought to be made; but that if a conquest is theirs (or pleases them), they should relish forbearance and mildness of punishment, and that they should consider that only as conquest which is moral conquest. That is of both this world and the next. And be their pleasure in the renunciation of all (other aims), which is pleasure in morality. That is of both this world and the next.
(Asoka-R.K. Mookerji)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: